64MP ကင်မရာပါဝင်တဲ့ Redmi Note 8 Pro ကို သြဂုတ် ၂၉ ရက်မှာမိတ်ဆက်မယ်

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

Xiaomi ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi က ဒီနှစ်စတုတ္ထမြောက်သုံးလပတ်အတွင်း 64MP ကင်မရာကို မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ကုန်အမည်က Redmi Note 8 Pro ဖြစ်ပြီး သြဂုတ် ၂၉ ရက်မှာ ထုတ်ဖော်ပြသမယ်လို့ သိရပါတယ်။

Redmi က တရုတ်လူမှုရေးကွန်ရက် Weibo မှာ Note 8 Pro ပုံကို အမည်မိတ်ဆက်ခဲ့ပြီး ကျောဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်စီထားကာ ညာဘက်မှာ ကင်မရာ ၁ လုံးကို နေရာချထားပါတယ်။

Note 8 Pro မှာ in-display fingerprint reader မပါဝင်ဘဲ ကျောဘက် ကင်မရာအောက်မှာ fingerprint ကို ထည့်သွင်းထားပါတယ်။ Redmi အနေနဲ့ Note 8 Pro နဲ့အတူ သြဂုတ် ၂၉ ရက်မှာ Note 8 ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း Note 8 စီးရီးဖုန်းနဲ့ပတ်သက်တဲ့ သတင်းတွေလည်း ဆက်လက်ထွက်ပေါ်လာပါတယ်။

Ref: GSMArena