Climbing Stick

Climbing-Stick.jpg

နိုင်ငံတကာတွင် ခေတ်စားသော်လည်း ပြည်တွင်းတွင် လူသိသိပ်မများသေးသော တောင်တက်ခြင်း Hiking အတွက် အဆင်ပြေစေမည့် တောင်တက်လက်ကိုင်တုတ် Climbing Stick ကို Asia Best Link
တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ Tuobing အမှတ်တံဆိပ် မော်ဒယ် 6061 ဖြစ်သည်။ Alluminium Alloy ကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့်အတွက် ပေါ့ပါးပြီး အကြမ်းခံနိုင်မည် ဖြစ်သည်။ တောင်တက်၊ တောင်ဆင်း အဆင်ပြေအောင် ကိုင်းကို စပရိန်ကိုင်းဖြင့် ပြုလုပ်ထားသည့်အတွက် ပုံသေတဖြောင့်တည်း မဟုတ်ဘဲ အလိုက်သင့် ကွေးညွှတ်ပေးနိုင်မည် ဖြစ်သည်။ မလိုအပ်သောအချိန် ခေါက်သိမ်းနိုင်ပြီး အဆင့်လေးဆင့်ဖြင့်
ဖွဲ့ စည်းထားသည်။ အတိုဆုံးတစ်ပေခွဲမှ အမြင့်လေးပေအထိ စိတ်ကြိုက်အရှည်တွင် ထားပြီး အသုံးပြုနိုင်သည်။ ပုံမှန်လမ်းလျှောက်တုတ်အဖြစ်လည်း သုံးနိုင်ပြီး သဲမြေ၊ နှင်းထု စသော ပုံမှန်အခြေအနေ မဟုတ်သော နေရာမျိုးတွင်လည်း သုံးနိုင်အောင် အောက်ခံပလတ်စတစ်အမာသားဖြင့် ခွက်တစ်ခုပါဝင်ပြီး အရှင်ပုံစံ လုပ်ပေးထားသည်။ လက်ကိုင်အသုံးပြုရ လွယ်ကူအောင် Rubber Grip တပ်ဆင်ထားပြီး လမ်းလျှောက်တုတ်အပြင် အန္တရာယ် ကာကွယ်ရေးအတွက်လည်း အသုံးပြုနိုင်သည်။ တန်ဖိုးမှာ ၁၆,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။