Pokémon Omega Ruby နှင့် Alpha Sapphire

game_review_15-48.jpg

Pokémon Omega Ruby နှင့် Alpha Sapphire ဂိမ်းသစ်နှစ်ခုဟာ Game Boy Advance ဂိမ်းစက်တွေကို ရောင်းအားတက်စေခဲ့သလို ဂိမ်းခွေပေါင်း ၁၆ သန်းကျော် ရောင်းချခဲ့ရတဲ့ Pokémon Ruby and Sapphire ရဲ့  3D Remake အသစ်ဖြစ်ပါတယ်။ Nintendo ဟာ Pokémon ဂိမ်းတွေရဲ့  main series တွေကို လက်ကိုင်ဂိမ်းစက် အသစ်တွေ ထွက်တိုင်း remake ပုံစံအဖြစ် story ပိုင်း၊ gameplay ပိုင်း
အချို့  ပြောင်းလဲပြီး ထုတ်လေ့ရှိတာ မဆန်းတော့ပေမယ့်  အရင်ဂိမ်းတွေက sprite based graphics ကိုပဲ အရောင်ပိုလှသွားတာ functions ပိုစုံသွားတာလောက်ပဲ ရှိပါတယ်။ Nintendo 3DS အတွက် Pokémon
Omega Ruby နဲ့ Alpha Sapphire Remake တို့ကတော့ ၂၀၀၂ ကလို 2D sprite based လုံးဝ မဟုတ်တော့ဘဲ Pokémon X & Y လိုမျိုး လုံးဝ full 3D ဂိမ်း graphics ဖြင့် ပြန်လည်ရေးဆွဲထားတာတွေ့ ရပါတယ်။ Mega evolution forms သစ်တွေ၊ gameplay features သစ်တွေနဲ့အတူ Team Aqua နှင့် Team Magma အဖွဲ့တို့ရဲ့  ဇာတ်လမ်းအသစ်တွေလည်း ပါဝင်ထားလို့ ပရိသတ်အသစ်တွေရော မူလ Pokémon အစပိုင်းကတည်းကနေ ကစားလာတဲ့ အမာခံပရိသတ်တွေပါ သဘောကျမှာပါ။

Pokémon Omega Ruby သို့မဟုတ် Alpha Sapphire ပေါ်မူတည်ပြီး Team Magma နှင့် Team Aqua တို့ရဲ့  လုပ်ဆောင်မှုနဲ့ ဖမ်းဆီးရနိုင်တဲ့ Pokémon တွေ ကွဲပြားသွားမှာဖြစ်သလို Pokémon တွေ ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ဖို့ ရာသီဥတုအခြေအနေတွေ ပြောင်းလဲဖို့ကြိုးစားပုံ ဇာတ်လမ်းဆင်ထားပြီး မူလဂိမ်းကထက်ပိုပြီး လူကြီးပရိသတ်ကို ဆွဲဆောင်နိုင်အောင် ဇာတ်လမ်းပိုင်းကို ပိုကောင်းအောင် လုပ်ထားပေးတာ တွေ့  ရပါတယ်။ အဓိကပြောင်းလဲမှုကတော့ graphics ပိုင်းဖြစ်ပြီး 3D character model, 3D gameplay နှင့် 3D display စနစ်တို့ ပါဝင်ထားခြင်းပါပဲ။ ဂိမ်းအတွင်း နောက်ခံရှုခင်းတွေ သာမကဘဲ ဇာတ်ကောင်တွေ၊ Pokémon တွေအားလုံးကိုပါ 3D graphics နဲ့  ကစားနိုင်မှာဖြစ်သလို တိုက်ပွဲတွင်းက attack animation တွေနဲ့ ဇာတ်ကောင်လှုပ်ရှားမှုတွေက တစ်ကောင်ချင်းဆီ ပုံစံကွဲပြားနေမှာဖြစ်လို့ battle တွေက အရင်ကထက်ပိုပြီး ကြည့်ကောင်းနေပါတယ်။

Pokémon X & Y မှာလို Pokémon trainer တွေကို costume တွေ accessory တွေပြောင်းပေးလို့မရပေမယ့် Pokémon တွေကို fashion ဒီဇိုင်းမျိုးစုံ accessories မျိုးစုံ ဝတ်ဆင်ပေးနိုင်သလို PokéNav Plus function အသစ်တွေ ထည့်သွင်းပေးထားပါတယ်။ DexNav၊ AreaNav၊ BuzzNav နှင့် PlayNav ဆိုတဲ့ functions တွေ ပါဝင်ထားပြီး မြက်တောထဲ ပုံးနေတဲ့ ရှားပါး Pokémon တွေရှာနိုင်သလို၊ Pokémon
အမျိုးအစားအလိုက် နယ်မြေမျိုးစုံရှာဖွေခြင်း၊ အခြား A.I trainer နှင့် အနီးအနားမှာရှိတဲ့ 3DS ကစားသူတွေနဲ့ တိုက်ခိုက်ရန် ရှာဖွေခြင်းနှင့် မိမိ Pokémon နဲ့ကစားနိုင်တဲ့ mini game function တွေကို အသုံး ချနိုင်ခြင်း အစရှိတဲ့ gameplay features တွေ ပါဝင်ထားပါတယ်။

Ruby Sapphire ရဲ့  remake ဖြစ်လို့ Poke’mon Centers နှင့် Marts တွေကို အရင်လို နေရာပြန်ခွဲပေးထားတာက နောက်ပိုင်း တစ်နေရာတည်း အကုန် အဆင်ပြေနေတာကို ပုံစံ ပြန်ပြောင်းလိုက်သလိုဖြစ်နေပေ
မယ့် မူလမြေပုံ layout ကို မပြောင်းလဲချင်တော့လို့ အရင်အတိုင်း ပြန်ထည့်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချို့ Trainers နဲ့ Pokémon တွေ တွေ့  နိုင်တဲ့နေရာတွေကိုတော့ ပြောင်းထားပါတယ်။ Mauville
City Gym Leader Wattson ရဲ့  နေရာသစ်ကို အရင်ပုံစံနဲ့ မတူအောင် ပြောင်းပေးထားသလို အချို့ရေပေါ်၊ ရေအောက်သွားလာရတဲ့ နေရာတွေကိုလည်း ပုံစံပြောင်းပေးထားတာ တွေ့ ရပါတယ်။ နောက် ထပ်ကောင်းမွန်တဲ့ ability သစ်ကတော့ Soar Ability ကို အသုံးပြုပြီး ပျံသန်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အရင် Fly ability လိုမျိုး တစ်နေရာကနေ တစ်နေရာ ချက်ချင်းရောက်သွားမှာ မဟုတ်ဘဲ Eon Flute ကို အသုံးပြုပြီး Latias နှင့် Latios တို့လို Pokémon တွေကို စီးပြီးတော့ လေထဲပျံတဲ့အခါမှာ တိုက်ရိုက်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ လေထဲမှာရှိတဲ့ Mirage Spots လိုမျိုး လျှို့ဝှက်နယ်မြေတွေအတွင်းမှာ စွမ်းအားမြင့် Pokémon တွေနဲ့ တိုက်ခိုက်နိုင်မှာ ဖြစ်သလို Hoenn နယ်မြေတစ်ခုလုံးနဲ့ မြို့တွေကို အပေါ်စီးကနေ ကြည့်ပြီး စိတ်ကြိုက်သွားလာနိုင်တာက အတော်လေး အားရဖို့ကောင်းပါတယ်။ အရင် Pokémon X & Y တုန်းက Blaziken မှာပဲ Mega form ပါဝင်ခဲ့ပေမယ့် Ruby & Sapphire ရဲ့  ကျန်ရှိသေးတဲ့ starter နှစ်ကောင်ဖြစ်တဲ့ Sceptile နဲ့ Swampert တို့ရဲ့  Mega form တွေအပြင် Gallade, Sharpedo, Camerupt, Slowbro, Beedrill နှင့် Pigeot အစရှိတဲ့ generation မျိုးစုံက Pokémon တွေရဲ့  Mega Evolution များစွာလည်း ပါဝင်လာပါတယ်။ Groundon, Kyogre တို့ရဲ့  Primal Form အသစ်နဲ့ Mega Rayquaza တို့ကိုလည်း ကိုင်တွယ်နိုင်မှာပါ။

Pokémon Omega Ruby နှင့် Alpha Sapphire version ဟာ အရင် Pokémon remake တွေလို မဟုတ်ဘဲ လုံးဝဂိမ်းအသစ် တစ်ခုပုံစံမျိုး Hoenn နယ်မြေမှာ ပြန်ကစားရမှာဖြစ်သလို Team Magma နှင့် Team Aqua လိုမျိုး အဖွဲ့တွေရဲ့  ဇာတ်လမ်းအသစ်တွေလည်း ပါဝင်ထားလို့ turnbased RPG ဂိမ်းတွေနှင့် Pokémon ပရိသတ်တွေအားလုံး သဘောကျဦးမယ့် ဂိမ်းအသစ် ဖြစ်ပါတယ်။
-နေအောင်လတ် (mmgamers.com)