Waltr

waltrupload.jpg

Waltr ဆိုတဲ့ ဆော့ဖ်ဝဲဟာ Mac OS မှာ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ Mac OS အသုံးပြုထားသည့် ကွန်ပျူ တာနှင့် iPhone, iPad တို့ကို ချိတ်ဆက်၍ MKV, FLAC အစရှိသည့် ဖိုင်များကို Convert ပြုလုပ်ပြီး တိုက်ရိုက်ထည့်သွင်းနိုင်မည် ဖြစ်သည်။ Convert ပြုလုပ်မည့် ဖိုင်များကိုလည်း အလွယ်တကူနှင့် Convert ပြုလုပ်နိုင်ရန်အတွက် ဖော်ပြထားသည့် အမည်းရောင် အကွက်လေးထဲသို့ ဖိုင်ကို Drag & Drop ပြုလုပ်ပြီး ထည့်သွင်းသည်နှင့် Convert ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။

Download ပြုလုပ်လိုသူများအနေဖြင့် Softorino ဝက်ဘ်ဆိုက် ပင်မ စာမျက်နှာမှတစ်ဆင့် သွားရောက်၍ Download ပြုလုပ်နိုင်မည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။