MAPS.MEP Pro

Screenshot_2014-12-12-08-35-29.png

MAPS.MEP Pro Version သည် ယခင်ကဖော်ပြခဲ့သည့် MAPS.MEP Offline Map ထက် ပိုမိုကောင်းမွန်တဲ့ Feature တွေကို ထည့်သွင်းပေးထားပါတယ်။ လက်ရှိ ကိုယ်ရောက်ရှိနေတဲ့ နေရာကို ဖော်ပြရာတွင် အနီးအနားမှာရှိတဲ့ ဘဏ်၊ စားသောက်ဆိုင်၊ ATM စက်၊ အများသုံး သန့်စင်ခန်း၊ တည်းခိုခန်း၊ ဟိုတယ်တို့အပြင် အခြားသော ဆေးဆိုင်၊ ဆေးရုံ အစရှိသည်တို့ကို အကွာအဝေးဖြင့် ဖော်ပြပေးနိုင်မည်ဖြစ်သည်။

အဆိုပါ App သည် Offline Map ဖြစ်ပြီး အခြားနိုင်ငံ တစ်နိုင်ငံသို့ ရှာဖွေသွားရောက်လိုပါက အဆိုပါ နိုင်ငံ၏ Map ကို ထပ်မံ Download ပြုလုပ်ပေးရအုံးမည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။