3G နှင့် Wi-Fi အမျိုးအစား PSVita ဂိမ်းစက်များ ဝင်ရောက်

3G-------Wi-Fi------------PSVita----------------------.jpg

3G စနစ်ဖြင့် ဖုန်းကတ်အသုံးပြုကာ အင်တာနက်ချိတ်ဆက်ပြီး အသုံးပြုနိုင်သလို PlayStation Network အတွင်း ဝင်ရောက်ပြီးလည်း ဂိမ်းများနှင့် Demo များ download ပြုလုပ်နိုင်မည့် PSVita 3G Model သစ် ဂိမ်းစက်များ ဝင်ရောက်လာကြောင်း သိရသည်။

PlayStation Vita ဂိမ်းစက်များအတွက် လက်ရှိအချိန်တွင် jailbreak မရရှိသေးသောကြောင့် original အခွေများဖြင့်သာ ကစားနိုင်မည်ဖြစ်သော်လည်း PlayStation Network မှ free demo နှင့် ဂိမ်းများ download ရယူနိုင်မည်ဖြစ်သလို exclusive ဂိမ်းများဖြစ်သော Persona 4 Golden၊ Killzone: Mercenary နှင့် Freedom Wars အစရှိသည်တို့ကိုလည်း ကစားနိုင်မည်ဟု သိရသည်။

PSVita 3G နှင့် Wi-Fi Model ဂိမ်းစက်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀  နှင့် ၀၉-၅၄၁၇၂၇၂ သို့ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။