Laptop ပါဝါကြိုး ၅ သိန်းကျော်ကို Lenovo ပြန်လည်သိမ်းဆည်း

lenovoacpowercord_recall-100535072-primary.idge_.jpg

Laptop ပါဝါကြိုးများ အပူချိန်မြင့်တက်ပြီး မီးလောင်မှုများ ဖြစ်ပွားနိုင်သောကြောင့် ကနေဒါနိုင်ငံမှ ပါဝါကြိုး ၄၄,၀၀၀ နှင့် အမေရိကန်နိုင်ငံမှ ၅၀၀,၀၀၀ ကို Lenovo က ပြန်လည် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ laptop ပါဝါကြိုးများကို အင်္ဂါနေ့တွင် စတင်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း အမေရိကန်စားသုံးသူ ကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ပြောကြားခဲ့သည်။ Lenovo ကုမ္ပဏီအနေဖြင့်လည်း ပြန်လည်သိမ်းဆည်းမည့် ပါဝါကြိုးများ စာရင်းကို ဝက်ဘ်စာမျက်နှာ တစ်ခုဖြင့် ဖော်ပြခဲ့သည်။ မြောက်အမေရိကတွင် ပါဝါကြိုးနှင့် ပတ်သက်သည့် ပြဿနာကို မတွေ့ရှိရသော်လည်း ပြည်ပတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ၁၅ ခုတွင် ပါဝါကြိုး အပူလွန်ကဲခြင်း၊ မီးပွားထွက်ခြင်း၊ အရည်ပျော်ခြင်းနှင့် လောင်ကျွမ်းခြင်းတို့ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ကုမ္ပဏီမှ ပြန်လည်သိမ်းဆည်းမည့် ပါဝါကြိုးများသည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရောင်းချခဲ့သော IdeaPad ကွန်ပျူတာများမှ ပါဝါကြိုးများ ဖြစ်သည်။ သို့သော် ၎င်း laptop ပါဝါကြိုးများ အားလုံးသည် ချို့ယွင်းချက်များ မဖြစ်ပေါ်ခဲ့ကြောင်း ပါဝါကြိုးရှိ AC adapter ပေါ်တွင် LS-15 ဟု တံဆိပ်ရိုက်နှိပ်ထားသော ပါဝါကြိုးများသာ ပြန်လည် သိမ်းဆည်းမည် ဖြစ်ကြောင်း Lenovo မှ ပြောကြားခဲ့သည်။

Lenovo က သုံးစွဲသူများကို ပြန်လည်သိမ်းဆည်းမည့် ပါဝါကြိုးများ အသုံးပြုမှု ရပ်တန့်ရန် အကြံပေးထားပြီး ၎င်းပါဝါကြိုးဖြင့် အားမသွင်းကြရန် တိုက်တွန်းခဲ့သည်။

Ref: ComputerWorld