Spy Camera

Spy-Camera.jpg

အိမ်ခန်း၊ ဆိုင်ခန်း၊ ရုံးခန်း စိတ်ကြိုက်သုံးနိုင်ပြီး ကင်မရာတပ်ဆင်ထားမှန်း မသိစေဘဲ လုံခြုံရေးအတွက် စိတ်ချရသော လျှို့ ဝှက်ကင်မရာကို အင်္ကျီချိတ်ပုံစံဖြင့် ထုတ်လုပ်ထားပြီး အလင်းရောင် အားနည်းသည့် နေရာမျိုးတွင်ပါ သုံးနိုင်အောင် Night Vision စနစ် ထည့်သွင်းပေးထားသည်။ ရုပ်ထွက် အရည်အသွေးကောင်းမွန်သော High Definition HD စနစ်ဖြင့် Resolutiဝn 1920×1000 အထိ ရရှိနိုင်မည် ဖြစ်သည်။ Lithiun-ion ဓာတ်ခဲကို အသုံးပြုထားပြီး ပြန်လည် အားသွင်းနိုင်မည်ဖြစ်သည်။ USB ကြိုးဖြင့် အားသွင်းခြင်းအပြင် အချက်အလက် ကူးယူခြင်းကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ စက်အတွင်း မှတ်ဉာဏ်ပါဝင်ခြင်းမရှိဘဲ  micro SD ကတ် ထည့်သွင်းအသုံးပြုရမည် ဖြစ်သည်။ Wide angle နှင့်ဖြစ်ပြီး Focus ချိန်စရာမလိုသော Focus Free ဖြစ်သည်။ တပ်ဆင်အသုံးပြုရလွယ်ကူပြီး AVI Format ဖြင့် ရိုက်ကူး သိမ်းဆည်းပေးမည်ဖြစ်သည်။ လုံခြုံရေးအပြင် မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း စနိုင်၊ နောက်နိုင်မည်ဖြစ်သည်။ Indoor အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၈ဝ,ဝဝဝ ကျော်ဖြစ်ပြီး တော်ဝင်စင်တာ ဒုတိယထပ် အမှတ် ၃၀၇၅ ဖုန်း ၀၁-၈၆၀၀၀၀၉ လိုင်းခွဲ-၃၀၇၅ နှင့် ၀၉-၄၂၁၁၁၄၆၈၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။