Note-IFY ( Formely FNotes)

screen568x568.jpeg

iPhone, iPad တို့တွင် Notepad App ကောင်းကောင်း အသုံးပြုချင်သူများအတွက် အရောင်စုံ ပါဝင်သည့် Notepad များကို အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App တွင် Notepad များကို Font များ ပြောင်း၍ အသုံးပြုနိုင်မှာဖြစ်သလို၊ Themes ကိုလည်း ပြောင်း၍ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။ ဒါ့အပြင် မိမိအချက်အလက်များကို အခြားသူများ အသိစေချင်သည့်အခါ Password ထည့်သွင်းအသုံးပြုချင်သူ များအတွက် Password ထည့်သွင်း၍ အသုံးပြုနိုင်ရန် စီစဉ်ဖန်တီးပေးထားသည်။ Dropbox ဖြင့် ချိတ်ဆက်၍ အသုံးပြုချင်သူများအတွက်လည်း အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။

အဆိုပါ App ကို ယခင်က အသုံးပြုခွင့်အတွက် iTunes Store တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အခမဲ့ရယူ အသုံးပြုနိုင်မည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။