Tenorshare Any Data Recovery Free

software.jpg

Tenorshare Any Data Recovery ဟာ ကိုယ့်ရဲ့ Hard Drive, USB Drive ထဲက အချက်အလက်တွေ မတော်တဆ ပျောက်ဆုံး သွားတာပဲဖြစ်ဖြစ်၊ ပျက်စီးသွားတာပဲ ဖြစ်ဖြစ် ပြန်လာရှာဖွေဖို့ အတွက် ပြုလုပ် ထားတဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ Windows Platform ပေါ်မှာသာ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

Data တွေကို Delete လုပ်မိတာပဲ ဖြစ်ဖြစ်၊ Format လုပ်မိလို့ ဖိုင်တွေပျောက်ဆုံး ပျက်စီးသွားတာပဲ ဖြစ်ဖြစ် ပြန်လည်ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ ဖိုင်တွေကို ပြန်လည် ရှာဖွေတဲ့ အခါမှာလည်း ဖိုဒါတစ်ခုထဲမှာ ရှာဖွေလို့ရတဲ့ ဖိုင်တွေ၊ ဖိုဒါတွေကို ပြန်လည် စုစည်းပေးမှာဖြစ်ပြီး၊ လက်ရှိအနီးစပ်ဆုံး အသုံးပြုထားတဲ့ ဖိုင်တွေ၊ ဖိုဒါတွေကို ပြန်လည်ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ Software မှာ Hard Disk သာမက Digital Media Recovery ဆိုတဲ့ Feature ပါဝင်တဲ့ အတွက် အခြားသော SD Card, USB အစရှိတဲ့ Storage Device တွေမှာ ဖိုင်တွေ ဆုံးရှုံးမှု ရှိတယ် ဆိုရင်လည်း ပြန် လည် ရှာဖွေပေးနိုင်အောင် အထောက်အပံ့ ပေးထားပါတယ်။ ဖိုင်တွေကို အကောင်းအတိုင်း ပြန်လည်ရရှိ နိုင်ဖို့အတွက်  အတတ်နိုင်ဆုံး ပြန်လည်ရှာဖွေ ဖော်ထုတ်ပေး နိုင်မှာ ဖြစ်ပါတယ်။

Tenorshare ဟာ အခမဲ့ပေးထားတဲ့ Freeware တစ်ခုဖြစ်ပြီး ဖိုင်အရွယ်အစားကလည်း 4.02 MB ခန့်သာ ရှိပါတယ်။ ဒီဇိုင်းသွင်ပြင်ရိုးရှင်းပြီး စတင်အသုံးပြုမယ့်သူတွေ အလွယ်တကူနဲ့ အသုံးပြု တတ်စေဖို့အတွက် စီစဉ်ဖန်တီးပေးထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Recovery ပြုလုပ်တဲ့ ဖိုင်တွေကိုလည်း အများဆုံး ပြန်လည်ပြီး ရရှိနိုင်စေရန် အတွက် ဖန်တီးပေးထားပါတယ်။

Tenorshare Any Data Recovery Software ဟာ Windows NT/2000/XP/2003/Vista/Server 2008/7 အစရှိတဲ့ Windows Operating System တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် iPhone, Android အစရှိသည့် မိုဘိုင်းဖုန်းများအတွက်လည်း Data Recovery Software တွေကို ထုတ်လုပ် ဖြန့်ချိထားပြီး အဆိုပါ ဆော့ဖ်ဝဲတွေအတွက် ဆိုရင်တော့ အခကြေးငွေ ပေးရမှာ ဖြစ်ပါတယ်။