6,000 mAh ဘက်ထရီနဲ့ ထွက်ရှိလာမယ့် Samsung Galaxy M30s ကို စက်တင်ဘာလ ၁၈ ရက်မှာ မိတ်ဆက်မယ်

ပြီးခဲ့တဲ့ရက်အတွင်း Samsung Galaxy M30s နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာ Samsung Galaxy M30s ကို Amazon India မှာ သီးသန့်ထုတ်ကုန်အဖြစ် ရောင်းချမှာ ဖြစ်ပြီး ဘက်ထရီ 6,000 mAh ပါဝင်လာမှာ ဖြစ်ပါတယ်။

Android Enterprise ရဲ့ဖော်ပြချက်အရ ၆.၄ လက်မ display Super AMOLED display, RAM 4GB ဒါမှမဟုတ် storage 64GB ဒါမှမဟုတ် 128GB ပါဝင်လာပါတယ်။ Geekbench စမ်းသပ်မှုအရ Exynos 9610 chipset အပြင် Exynos 9611 ပါဝင်လာဖွယ်ရှိပါတယ်။

ကျောဘက်မှာတော့ 48MP အဓိက ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ Andorid Pie အခြေခံပြီး OneUI အသုံးပြုထားပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ M30s ကို ဒေါ်လာ ၂၁ဝ နဲ့ ဒေါ်လာ ၂၈ဝ အကြား ရောင်းချဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena