Nobel-Myanmar Literature for Peace ပွဲတော် ပြုလုပ်ကျင်းပမည်

မြန်မာစာရေးဆရာများ၊ ကဗျာဆရာ၊ စာနယ်ဇင်းအယ်ဒီတာများ၊ စာကြည့်တိုက် ပညာရှင်များ၊ ပန်းချီကာတွန်း ဆရာများ၊ စာအုပ်စာနယ်ဇင်း ထုတ်ဝေဖြန့်ချိသူများနှင့် စာအုပ်စာပေကိစ္စများတွင် စိတ်အား ထက်သန်သည့် အခြား ပုဂ္ဂိုလ်များစုပေါင်းကာ နိုဘယ်-မြန်မာစာပေပွဲတော် (Nobel-Myanmar Literary Festival) ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၇ ရက်မှ  ၁၉ ရက်နေ့ အထိ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာစာပေများ၊ နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်ကျော်တို့၏ စာပေလက်ရာများဖြင့် မြန်မာစာပေကို မြှင့်တင်ရန်၊ စာအုပ်စာပေအား ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရန်၊ စာအုပ်စာပေ ရေးသားသူတို့အတွက် စိတ်အား ထက်သန် တီထွင်ဆန်းသစ်မှု  တိုးတက်လာစေရန်၊ အများပြည်သူများ ဗဟုသုတ ကြွယ်ဝလာစေရန် စာပေနှင့် သက်ဆိုင်ရာ ပညာရှင်များ နိုဘယ်ဆုရ ပညာရှင်များ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များဖြင့် စုံလင်စွာ ကျင်းပနိုင်ရန် ရည်ရွယ် ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။ ထို့အပြင် ဖျော်ဖြေရေး အစီအစဉ်များ၊ ပြဇာတ်၊ အငြိမ့် မြန်မာမှုအနုပညာအစီအစဉ်များ၊ တေးဂီတအစီအစဉ်များကိုလည်း စီစဉ်ထား ကြောင်း သိရသည်။