5x ပယ်ရီစကုပ်ကင်မရာနဲ့ ပွဲထွက်လာတဲ့ Realme X3 SuperZoom

Realme X3 SuperZoom ကတော့ တရားဝင်ထွက်လာပါတယ်။ SuperZoom ဆိုတဲ့နာမည်အတိုင်းပဲ 8MP 122mm 5x ပယ်ရီစကုပ် zoom lens ပါဝင်လာပါတယ်။

ဖုန်းရဲ့ အဓိက ကင်မရာ 64MP က 60x hybrid zoom ရိုက်ကူးနိုင်ပါတယ်။ ကျောဘက်ကင်မရာမှာ 8MP ultrawide နဲ့ 2MP macro တို့ပါဝင်လာပါတယ်။ အဓိက ကင်မရာမှာ iOS, shutter speed, white balance နဲ့ autofocus ချိန်ညှိထားတဲ့ Pro mode နဲ့အတူ Nightscape 4.0 အပြင် အလိုအလျောက် AI Mode လည်းပါဝင်လာပါတယ်။ ဒါ့အပြင် Tripod mode ဆိုတာလည်း ပါလာပါတယ်။

Realmie X3 SuperZoom ရှေ့ကင်မရာက နှစ်လုံးဖြစ်ပြီး punch hole ထဲထည့်သွင်းထားပါတယ်။ အဓိက selfie ကင်မရာက 32MP Sony IMX616 နဲ့ 8MP ultrawide အသုံးပြုထားပါတယ်။ အဓိက sensor မှာ Nightscape Selfie လုပ်ဆောင်ချက်ပါဝင်လာပါတယ်။

မျက်နှာပြင်အရွယ်အစားက ၆.၅၇လက်မ 1080x 2400px IPS LCD နဲ့အတူ 120Hz refresh rate တို့ထောက်ပံ့ထားပါတယ်။ ဖုန်းရဲ့ fingerprint scanner ကိုဘေးဘက်မှာ ထည့်သွင်းထားပြီး ၀.၃စက္ကန့်အတွင်း ဖွင့်နိုင်ပါတယ်။

X3 SuperZoom မှာ Snapdragon 855+ chipset နဲ့အတူ RAM 12GB နဲ့ Vapor chamber cooling စနစ်နဲ့ UFS 3.0 storage နဲ့အတူ Turbo Write တို့ပါဝင်လာပါတယ်။Realme X3 SuperZoom ကိုကြိုတင်မှာယူနိုင်ပါပြီ။ အပြာနဲ့ အဖြူထုတ်လုပ်ပြီး 12/256GB ဗားရှင်းကို ယူရို ၄၉၉နဲ့ ရောင်းပါမယ်။

-စိုးထက်
Ref: GSMArena