5th MEITI Report ပါ အချက်အလက်များအတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဌ နဲ့ OneMap Myanmar နည်းပညာဆိုင်ရာ အဖွဲ့တို့ရဲ့ 5th MEITI Report ပါ အချက်အလက်များ အတွက် Web Application တည်ဆောက်ခြင်းဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

OneMap Myanmar စီမံကိန်းသည် အစိုးရဌာနအဖွဲ့အစည်း နှင့် ပြည်သူလူထုမှ မြေအပါအဝင် အခြား သဘာဝသယံဇာတဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ရန် အသုံးပြုနိုင်ရန်နှင့် မှန်ကန်သော မြေယာစီမံအုပ်ချုပ်မျုများ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောက်ရွက်လျက်ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့်သတ္တုကဏ္ဍဆိုင်ရာ 5th MEITI Report ပါ အချက်အလက်ဇယားများမှ လုပ်ကွက်များ၏ တည်နေရာများ အခြေခံ၍ One Map Myanmar အဖွဲ့က GIS Data များအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ အချက်အလက်ဇယားများဖြင့် ဖော်ပြခြင်းထက် မြေပုံများဖြင့် ဖော်ပြခြင်းကာ အားသာချက်များသာ ရှိသကဲ့သို့ အားလုံးကြည့်ရှုနိုင်မယ့် Web Application အဖြစ်ဆောင်ရွက်ခြင်းကာ ပို၍ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း လုပ်ငန်းကော်မတီဥက္ကဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောပါတယ်။

5th MEITI Report အရ လက်ရှိတွင် OneMap Myanmar သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၊ ပုလဲလိုင်စင်ဧရိယာများ၊ သတ္တုတွင်းလိုင်စင်ဧရိယာများနှင့် ကျောက်စိမ်းနှင့်ကျောက်မျက်မြို့နယ်များအစရှိတဲ့ အချက်အလက်တွေကို GIS Data များ တည်ဆောက်ပြီးဖြစ်ကြောင်း သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««