5G Telco Cloud ပလက်ဖောင်း မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ VMware, Inc. (NYSE: VMW) က မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်နေတဲ့ ကုမ္ပဏီတွေ (CSPs) အတွက် 5G Telco Cloud ပလက်ဖောင်းကို မိတ်ဆက်လိုက်တယ်လို့သိရပါတယ်။

“VMware က customer တွေ လက်ရှိ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့၊ နောက်တစ်နေ့မှာ ရောက်ရှိလာမယ့် အခွင့်အလမ်းတွေအတွက် အသုံးချနိုင်ဖို့ ပြီးပြည့်စုံတဲ့ telco နဲ့ edge နယ်ပယ်သုံး cloud စနစ်တစ်ခု ဆက်လက် တိုးမြှင့်ပေးအပ်သွားပါမယ်။ ကျွန်တော်တို့ရဲ့ Telco Cloud ပလက်ဖောင်းထဲက cloud native နည်းပညာတွေရဲ့ ပံ့ပိုးမှုနဲ့ အတူ CSPs ကုမ္ပဏီကြီးတွေဟာ အခုဆိုရင် အက်ပလီကေးရှင်းနဲ့ ဝန်ဆောင်မှု အသစ်တွေ ပေးအပ်ဖို့ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုနှုန်းကို မြှင့်တင်လိုက်နိုင်ပါပြီ။ ဒီနည်းပညာတွေက ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို လျှော့ချပေးနိုင်ပြီး ownership savings ရဲ့ စုစုပေါင်း ကုန်ကျစရိတ် အများစုအတွက် သိသိသာသာ အကျိုးကျေးဇူး ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် တိုးတက်လာစေဖို့ ပုံပိုးကူညီတဲ့အနေနဲ့ CSPs ကုမ္ပဏီကြီးတွေရဲ့ 5G ကွန်ရက် အသုံးပြုနိုင်အောင် ကြိုးပမ်းရာမှာ အရှိန်မြှင့်တင်ပေးသွားပါမယ်” လို့ VMware Myanmar ရဲ့ Country Manager ဖြစ်သူ ကိုပြည်စိုး က ပြောပါတယ်။

VMware ရဲ့ 5G Telco Cloud ပလက်ဖောင်းမှာ ယုံကြည်စိတ်ချရသော စံနှုန်းမီ carrier-grade နဲ့ စွမ်းဆောင်ရည်မြင့် cloud native infrastructure ကို အသုံးချထားပြီး တစ်နေရာတည်းတွင် အားလုံးအသုံးပြုနိုင်တဲ့ cloud ဦးစားပေး နည်းပညာဖြေရှင်းချက်တစ်ခုဖြစ်ကာ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားတွင် ခေတ်ရှေ့ပြေးနေသော နည်းပညာ အက်ပလီကေးရှင်းတွေကို အသုံးပြုနိုင်ဖို့ ပံ့ပိုးပေးရာမှာ CSPs ကုမ္ပဏီကြီးများကို အထောက်အကူ ပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««