5G အသုံးပြုတဲ့အခါ iPhone 12 နဲ့ 12 Pro ဘက်ထရီသက်တမ်း ၂၀ ရာခိုင်နှုန်း လျော့နည်း

iPhone 12 နဲ့ iPhone 12 Pro တို့ဟာ 5G ကွန်ရက် အသုံးပြုတဲ့အခါ ဘက်ထရီကုန်ခန်းမှု မြန်ဆန်တယ်လို့ သိရပါတယ်။

Tom’s Guide ဘက်ထရီစမ်းသပ်မှုအရ iPhone 12 နဲ့ browser အသုံးပြုတဲ့အခါမှာ 150nits အသုံးပြုပြီး ဝက်ဘ်စာမျက်နှာတစ်ခု load လုပ်ရင် စက္ကန့် ၃၀ ဟထားတယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone 12 မှာ 5G အသုံးပြုရင် ဘက်ထရီသက်တမ်း ၈ နာရီ ၂၅ မိနစ်နဲ့ 4G အသုံးပြုရင် ၁၀ နာရီ ၂၃ အထိ တာရှည်ခံပါတယ်။ iPhone 12 Pro ကတော့ 5G အသုံးပြုရင် ၉ နာရီ ၆မိနစ်နဲ့ LTE နဲ့ဆို ၁၁ နရီ ၂၄ မိနစ်အထိ တာရှည်ခံပြီး ၂၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

နှိုင်းယှဉ်ချက်အရ iPhone 12 ဟာ iPhone 11 ထက် ၅၃ မိနစ်အောက် တာရှည်ခံကာ iPhone 12 Pro ကတော့ iPhone 11 Pro ထက် တစ်နာရီတိတိ တာရှည်ခံပါတယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««