5G အမျိုးအစား HUAWEI nova 7 ကို ကြိုတင်မှာယူပါက HUAWEI WATCH FIT လက်ဆောင်ရရှိမည်

5G အမျိုးအစား HUAWEI nova 7 ကို ကြိုတင်မှာယူပါက HUAWEI WATCH FIT လက်ဆောင်ရရှိမယ်လို့ သိရပါတယ်။

HUAWEI nova 7 ကို RAM 8GB + 256 GB Storage နဲ့ ရရှိနိုင်မှာဖြစ်ပြီး Flagship level SOC အမျိုးအစား Kirin 985 5G (7nm အရွယ်အစားရှိ) Chipset ကို အသုံးပြုထားပါတယ်။ ၆.၅၃ လက်မအရွယ်ရှိပြီး ၂၀:၉ အထိ မြင်ကွင်းရရှိစေမယ့် OLED HUAWEI Punch FullView Display ကို မျက်နှာပြင်မှာအသုံးပြုထားပြီး ကင်မရာပိုင်းအတွက် 64MP AI quad-camera ကိုတပ်ဆင်ပေးထားပါတယ်။Space Silver (ငွေရောင်) နဲ့ Midsummer Purple (ခရမ်းရောင်) တို့နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး မြန်မာကျပ်ငွေ ၆၉၉,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

စက်တင်ဘာ ၃၀ ရက်အထိ Pre-Order မှာယူသူတွေအတွက် HUAWEI မှ အသစ်ထုတ်ထားတဲ့ Smartwatch အမျိုးအစားသစ်ဖြစ်တဲ့ HUAWEI WATCH FIT ကိုပါ Pre-Order လက်ဆောင်အဖြစ် ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««