5G ဖုန်းအတွက် ဈေးသက်သာမယ့် ဘက်ထရီအစိတ်အပိုင်းကို Apple အသုံးပြုမယ်

Apple ဟာ iPhone 12 စီးရီးအတွက် 5G အစိတ်အပိုင်းထည့်သွင်းဖို့ ဖုန်းထုတ်လုပ်မှု စရိတ်ကို လျှော့ချသွားဖို့ ရှိပါတယ်။ Apple ဟာ 5G အစိတ်အပိုင်းအတွက် ဘက်ထရီနည်းပညာ စရိတ်ကို လျှော့ချသွားမယ်လို့ လေ့လာဆန်းစစ်သူ မင်ချီကူက ပြောလိုက်ပါတယ်။ Apple ဟာ ဘက်ထရီဘုတ်နဲ့ ဆဲလ်အစိတ်အပိုင်းအတွင်းက အလွှာတွေကို လျှော့ချမယ်လို့ သိရပါတယ်။

ဘက်ထရီဘုတ်ဟာ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ စရိတ်သက်သာမယ်လို့ မင်ချီကူကပြောခဲ့ပါတယ်။ လာမယ့်နှစ် ထွက်ရှိမယ့် iPhone ဘက်ထရီတွေကလည်း ဒီဇိုင်းအပြောင်းအလဲနဲ့အတူ ဈေးနှုန်း ၃၀ ကနေ ၄၀ရာခိုင်နှုန်း ဈေးသက်သာပါမယ်။ ဘက်ထရီစရိတ်ကို လျှော့ချထားတဲ့ တတိယမြောက်မျိုးဆက် AirPods ကို လာမယ့်နှစ်မှာဖြန့်ချိပြီး AirPods Pro မှာအသုံးပြုထားတဲ့ ဒီဇိုင်းကို အသုံးပြုထားတယ်လို့ Apple ကပြောခဲ့ပါတယ်။

Apple ဟာ iPhone 12 စီးရီးကို အောက်တိုဘာလအတွင်း မိတ်ဆက်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge

အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ကနေလည်း ရယူဖတ်ရှုနိုင်ပါတယ်……..