5G ထောက်ပံ့မှုပါဝင်သလို ဆင်းမ်ကတ် နှစ်ကတ်ထည့်နိုင်တဲ့ Redmi 10X စီးရီး

Xiaomi ကုမ္ပဏီခွဲ Redmi က 10X စီးရီးဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Redmi 10X 5G နဲ့ 10X Pro 5G အပြင် 10X 4G ဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ 10X 4G ဖုန်းက တရုတ်ဈေးကွက် အတွက် Redmi Note 9 ဖုန်းကို ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ 10X 5G နဲ့ 10X Pro ဖုန်းတွေမှာ ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းပြီး 5G ထောက်ပံ့မှု၊ AMOLED display နဲ့ Dimensity 820 chipset တွေနဲ့ ဈေးနှုန်းသင့်တင့်ပါတယ်။


10X 5G နဲ့ Pro ဗားရှင်းမှာ မျက်နှာပြင် ၆.၅၇ လက်မ AMOLED display နဲ့အတူ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ ရေစက်ပုံစံ notch တွေ ပါဝင်လာပါတယ်။ 10X 5G ရှေ့ကင်မရာက 16MP selfie ကင်မရာ၊ Pro မှာတော့ 20MP တို့ပါဝင်လာပါတယ်။ ဖုန်း ၂ မျိုးစလုံးရဲ့ panel ကတော့ 180Hz touch sampling rate နဲ့ Gorilla Glass 5 ကာကွယ်မှုတို့ ပါဝင်လာပါတယ်။ကျောဘက်မှာ အဓိက ကင်မရာ 48MP နဲ့ 8MP ultrawide တို့ပါဝင်ပါတယ်။ Pro ဗားရှင်းမှာတော့ 8MP telephoto အစိတ်အပိုင်းနဲ့အတူ 3x optical zoom နဲ့ OIS အပြင် 5MP macro ကင်မရာတို့ပါဝင်လာပါတယ်။

ဖုန်းမှာ MediaTek Dimensity 820 chipset ပါဝင်လာပါတယ်။10X 5G ဖုန်းမှာ 6/8GB RAM ပါဝင်သလို Pro မှာတော့ RAM 8GB ပါဝင်လာပါတယ်။ Storage ကတော့ 64GB ကနေ 256GB အထိရှိပါတယ်။ ဖုန်းမှာ Android 10 အခြေခံ MIUI 12 အသုံးပြုထားပါတယ်။ ဖုန်း ၂ မျိုး စလုံးမှာ ဘက်ထရီ 4,520mAh ပါဝင်တယ်။ 10X 5G မှာတော့ အားသွင်းမြန်ဆန်စနစ် 22.5W နဲ့ Pro မှာတော့ 33W ပါဝင်လာပါတယ်။ ဖုန်းတွေမှာ IP53 အဆင့်သတ်မှတ်ချက်နဲ့ နားကြပ်ပေါက်တို့ပါဝင်ပြီး Pro မှာဆိုရင် NFC ပါဝင်လာပါတယ်။

Redmi 10X စီးရီးတွေကို အပြာ၊ ပန်းရောင်၊ ရွှေနဲ့ အဖြူဆိုပြီး ထုတ်လုပ်ထားပါတယ်။ Redmi 10X 5G အတွက် 6/64GB ကို ၂၂၄ ဒေါ်လာနဲ့စတင်ရောင်းချပါမယ်။ ဒါ့အပြင် 10X 5G အတွက် 6/128GB ကိုတော့ ၂၅၂ ဒေါ်လာ 8/128GB ကိုတော့ ၂၉၄ ဒေါ်လာနဲ့ 8/256GB မော်ဒယ်ကိုတော့ ၃၃၆ဒေါ်လာနဲ့ ဇွန် ၁ရက်မှာ ရောင်းချပါမယ်။10X Pro ရဲ့ 8/128GB ကိုတော့ ၃၂၂ ဒေါ်လာ ကျသင့်သလို 8/256GB ကတော့ ၃၆၄ ဒေါ်လာကျသင့်ပြီး ဇွန်လ ၆ရက်မှာ စတင်ရောင်းချပါမယ်။Redmi 10X 4G ရဲ့ 4/128GB ကတော့ ဒေါ်လာ ၁၄၀ ကျသင့်ပြီး 6/128GB ကတော့ ၁၆၈ ဒေါ်လာ ကျသင့်ပါမယ်။

စိုးထက်
Ref: GSMArena