5G တာဝါတိုင်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်ဆိုတဲ့ သတင်းတွေကို YouTube ဖယ်ရှား

5G ကွန်ရက်နည်းပညာနဲ့ ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်တယ်ဆိုတဲ့ သတင်းမှားဖြန့်ချိမှုတွေကို YouTube မှာလျှော့ချပြသမယ်လို့ ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

YouTube အနေနဲ့ ပေါ်လစီချိုးဖောက်တဲ့ဗီဒီယိုတွေကိုတော့ ဖယ်ရှားပါမယ်။ ဒါပေမဲ့ 5G နဲ့ ကိုရိုနာဗိုင်းရပ်စ်အကြား ဆက်စပ်ပြတဲ့ ဗီဒီယိုမှာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း မပြောထားရင်တော့ ဗီဒီယို ဖယ်ရှားခံရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ဗီဒီယိုကို ချုပ်ထိန်းပြီး ရှာဖွေမှုရလဒ်မှာ မပြပေးပါဘူး။

ပြီးခဲ့တဲ့အပတ်အတွင်း ယူကေမှာ မိုဘိုင်းတာဝါတိုင်၇ ခုထက်မနည်း မီးတင်ရှို့ခံခဲ့ရပါတယ်။ ဆဲလ်ဖုန်းတာဝါတိုင်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းက ဆက်စပ်မှုရှိတယ်ဆိုတဲ့ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှု သီအိုရီ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ၂၄ နာရီအတွင်း မိုဘိုင်းတာဝါတိုင် ၄ ခု မီးတင်ရှို့ခံခဲ့ရပြီး တာဝါတိုင်တွေထဲက တစ်ခုကတော့ 5G တာဝါတိုင် မဟုတ်ဘူးလို့ သိရပါတယ်။

စိုးထက်
Ref: TheVerge