5BB Broadband မှ အမြင့်ဆုံး download speed ၅၇.၉၇ ဖြင့် Ookla မှ ဆုချီးမြှင့်ခြင်းခံရ

၂၀၂၀ Q1 နှင့် Q2 အတွင်း အမြင့်ဆုံး download speed ၅၇.၉၇ Mbps နဲ့ 5BB Broadband ဟာ မြန်နှုန်းစမ်းသပ်မှုတွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ Ookla ရဲ့ ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

5BB Broadband အနေနဲ့ အမြန်နှုန်းရမှတ် ၂၁.၅၈ ရရှိပြီး download အမြန်နှုန်း ၅၇.၉၇ Mbps နဲ့ upload အမြန်နှုန်း ၄၃.၆၁ Mbps အထိ မြန်ဆန်မှုနှုန်းရှိခဲ့တယ်လို့သိရပါတယ်။ Fixed ကွန်ရက်များအတွက် ပေးအပ်သော အဆိုပါ ဆုမှာ ၁,၅၃၉,၄၀၆ ယောက်သော သုံးစွဲသူတွေရဲ့ မြန်မာပြည်တစ်ဝန်း Fixed ကွန်ရက်များအတွက် အမြန်နှုန်းစမ်းသပ်မှု အက်ပလီကေးရှင်း အပေါ် အခြေခံ၍ Ookla က တိကျမှန်ကန်စွာ လေ့လာဆန်းစစ်ကာ နှိုင်းယှဉ်ခဲ့ခြင်းဖြစ်ပြီး 5BB Broadband ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ မြန်မာနိုင်ငံရဲ့ အမြန်ဆန်ဆုံး Fixed ကွန်ရက် အဖြစ်သတ်မှတ်တာကို ခံခဲ့ရခြင်းဖြစ်ပါတယ်။

-သန္တာ