Unitel Mobile ၏ ရှစ်ဆိုင်မြောက် ပါရမီဆိုင်ခွဲ ဖွင့်ပွဲ အထိမ်းအမှတ် အထူးဈေးရောင်းပွဲတော် ပြုလုပ်

unitel-mobile.jpg

Unitel Mobile ၏ ရှစ်ဆိုင် မြောက် ပါရမီဆိုင်ခွဲကို အမှတ် ၂၀၈ (ဘီ)၊ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ညောင်ပင် မှတ်တိုင် (ပါရမီကားဝင်းရှေ့) ရန်ကုန်မြို့တွင် ဖွင်လှစ်ခဲ့ပြီး ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် အနေဖြင့် အထူးဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်မှ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်တွင် Samsung, Sony, iPhone, LG, HTC, Oppo, Vivo စသည့် Branded ဟန်းဆက်များ နှင့် အမျိုးအစားစုံလင်သော ဖုန်း Accessory များကို မှန်ကန်သော အရည်အသွေး၊ ဈေးနှုန်း များဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျွမ်းကျင်သော Hardware, Software ပညာရှင်ကြီးများဖြင့် ဟန်းဆက်များအား  ပြုပြင် ဝန်ဆောင်မှုပေးခြင်းကိုလည်း ပြုလုပ်ပေးမည် ဖြစ်သည်။

Unitel Mobile ဆိုင်တွင် MPT ဆင်းမ်ကတ်များကို မူရင်းဈေးနှုန်း ၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သလို ကြိုက်နှစ်သက်ရာ ဟန်းဆက်များကိုလည်း ၆ လ၊ ၉ လ၊ ၁၂ လ လစဉ် အရစ်ကျ စနစ်ဖြင့် ရောင်း ချ ပေးလျက်ရှိကြောင်း သိရသည်။ အထူးဈေးရောင်းပွဲတော်တွင် ပါဝင်ဆင်နွှဲလိုသူများ အနေဖြင့် အသေးစိတ် အချက်အလက်များကို ဖုန်း – ၀၉၂၅၄၉၂၂၀၄၄ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။