ဟန်းဆက်နှင့် ဆက်စပ် ပစ္စည်းများကို ကားဖြင့် လှည့်လည် ရောင်းချသည့် အစီအစဉ် ပြုလုပ်မည်

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ထားသော GREEN TELECOM ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းဆိုင်မှ ယခုအပတ်မှစတင်ကာ တနင်္ဂနွေနေ့တိုင်း နေပြည်တော်နှင့် ပတ်ဝန်းကျင်ဒေသရှိ ကျေးလက်ဒေသများသို့ ကားဖြင့်လှည့်လည်ရောင်းချသည့်စနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဆိုင်မှ တာဝန်ရှိသူက ပြောသည်။

“ဆက်စပ်ပစ္စည်းတွေနဲ့ လူတန်းစားမရွေး အသုံးများတဲ့ဟန်းဆက်တွေကို အဓိကထားပြီး ရောင်းချပေးသွားမှာဖြစ်သလို ဝယ်ယူသူ စိတ်တိုင်းကျ ရွေးချယ်နိုင်အောင်လို့ ဟန်းဆက်အစုံ တင်ပေးသွား မှာပါ။ ငွေဖြည့် ကတ် မျိုးစုံရော၊ လိုင်းကတ်မျိုးစုံကိုပါ ထည့်သွင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု GREEN TELECOM မှ  တာဝန်ရှိသူက ပြောသည်။

ထိုသို့ လိုက်လံရောင်းချပေးမည့် အစီအစဉ်မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းသာဖြစ်ပြီး ဝယ်ယူသော ပစ္စည်းအလိုက် သတ်မှတ် အာမခံကာလ၊ ပစ္စည်းမှန် ဈေးမှန်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၊ ဟန်းဆက် တစ်လုံး ဝယ်ယူပါက ဗလာမပါ ကံစမ်းမဲ (ချက်ချင်းနှိုက်/ချက်ချင်းပေါက် စနစ်) အစီအစဉ်အပြင် GREEN  TELECOM တံဆိပ်ပါ ရှပ်အင်္ကျီတို့ကို လက်ဆောင်ပြန်ပေးသည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။