Ultimate Gaming Machine Lenovo Y50-70 Notebook

Ultimate-Gaming-Machine-Lenovo-Y50-70-Notebook.jpg

Y50-70  Notebook တွင် 4th Gen Intel Core i7-4710HQ  Chipset နှင့်အတူ2.5 GHz မြန်နှုန်းရှိသော Processor Core ၈ လုံးပါဝင်သည့် CPU တပ်ဆင်အသုံးပြုထားသည်။ Graphic ပိုင်းအတွက် Nvidia ၏ နောက်ဆုံးပေါ် GTX-860M 4GB (Maxwell) Graphic Card ထည့်သွင်းအသုံးပြုထားသည်။ ၁၅.၆ လက်မအရွယ်အစား စကရင်နှင့်ဖြစ်ပြီး 1920 x 1080 pixels Resolution ရှိသည့် အတွက် Full HD ဖြင့် ခံစားနိုင်မည်ဖြစ်သည်။ Radom Access Memory အတွက် 8 GB ပါရှိပြီး RAM Slot အပိုပါရှိသည့်အတွက် ထပ်မံတိုးချဲ့နိုင်မည် ဖြစ်သည်။ အချက်အလက်သိမ်းဆည်းရန်အတွက် 1 TB HDD ပါဝင်သည် ။ အသံပိုင်းအတွက် JBL Speaker ကို ထည့်သွင်းအသုံးပြုထားသည်။ Keypad အောက်တွင် LED Backlit တပ်ဆင်ထားပြီး Key များကို ထိထိရောက် အသုံးပြုနိုင်ရန် တိကျသေချာစေမည့် Accu Type Keyboard System ကို အသုံးပြုထားသည်။ Intel Dual Band Wireless စနစ်တိုးမြှင့်ထားသည့်အတွက် Wi-Fi အသုံးပြုပြီး Online Game  ကစားသည့်အခါသာမန် Notebook ထက် ပိုမိုလိုင်းဆွဲအားကောင်းမည် ဖြစ်သည် ။  Windows 8.1 ( 64 bit ) License Version OS ကို ထည့်သွင်းအသုံးပြုထားသည်။ တန်ဖိုးမှာ 1,249 US$ ဖြစ်ပြီး Lenovo ၏ 1 Year International Warranty ပါရှိသည်။ KMD မှ Lenovo Product များကို မြန်မာနိုင်ငံ၏ တစ်ဦးတည်းသောအရောင်းကိုယ်စားလှယ် အနေဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။