Inverter+Controller Integrated Kit

Inverter-Controller-Integrated-Kit.jpg

Inverter  စနစ်နှင့် Solar  Controller စနစ် ပေါင်းစပ်ထားသော Inverter+Controller Integrated Kit မန်းဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ 1500VA/30A အမျိုးအစားဖြစ်ပြီး ဆိုလာပြားများဖြင့်
ချိတ်ဆက်အသုံးပြုနိုင်သည်။ လျှပ်စစ်ဓာတ်အားတည်ငြိမ်မှုရှိသော Modified Sine Wave AC လျှပ်စစ်ပြောင်းပေးနိုင်သည်။ ဘက်ထရီ၊ အားသွင်းနှုန်း၊ အင်ပီယာ၊ အထွက်ပါဝါနှင့် Solar ပြားမှ Voltage အမှားအယွင်း အခြေအနေများကို LCD စကရင်ဖြင့် ဖော်ပြပေးသည်။ Overload ကာကွယ်မှုစနစ်၊ Over/Under Voltage ကာကွယ်မှုစနစ်၊ Short Circuit ကာကွယ်မှုစနစ်၊ အပူချိန် လွန်ကဲမှုကာကွယ်စနစ်၊ ဘက်ထရီအနီ၊ အနက် မှားယွင်းချိတ်ဆက်မှု ကာကွယ်ခြင်းစနစ်များ ပါဝင်လာသည်။ ၁၂ ဗို့ ဘက်ထရီအထွက် ချိတ်ဆက်မှုစနစ်၊ USB ပေါက်မှ အားသွင်းနိုင်သောစနစ်များလည်း ပါဝင်လာသည်။ Ring Solar အမှတ်တံဆိပ် Inverter+Controller Integrated Kit ကို တန်ဖိုး ၆၆,၀၀၀ ကျပ်ဖြင့် မျိုးသိန်းဆိုလာအရောင်းပြခန်း (မန္တလေး) ၈၃ လမ်း (၂၉×၃၀) ကြား ဖုန်း-၀၂-၃၅၃၃၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။