iOS အတွက် Firefox app ထုတ်လုပ် သွားရန် Mozilla စီစဉ်နေ

Mozilla သည် Apple ၏ iPhone နှင့် iPad များအတွက် operating  system ဖြစ်သော iOS တွင် Firefox app ဖန်တီးရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

Mozilla  ကုမ္ပဏီ Firefox ဥက္ကဋ္ဌ ဂျိုနသန် နိုက်တင်ဂေးလ်က Mozilla လူမှုရေး အဖွဲ့ဝင်များကို ပေါ့တ်လန်မြို့တွင် ကျင်းပခဲ့သော အကျိုးအမြတ် မရယူသည့် အဖွဲ့အစည်း Mozlandia ပွဲတွင် အဆိုပါ စိတ်ကူးကို ပြောကြား သွားခဲ့သည်။ ကုမ္ပဏီ အနေဖြင့် သုံးစွဲသူတွေ ရှိသောနေရာအထိ ရောက်ရှိရန် လိုကြောင်း၊ ထို့ကြောင့် iOS ပေါ်တွင် Firefox ရောက်ရှိရန် လိုကြောင်း Mozilla ဖြန့်ချိရေး မန်နေဂျာ လူးကပ်စ်ဘလက်ခ်က ပြောကြားခဲ့သည်။ ၎င်းနည်းဗျူဟာသည် Mozilla အတွက် မဟာဗျူဟာ ကျနစွာပြောင်းလဲမှု တစ်ခုဖြစ်ပြီး အကျိုးအမြတ် မယူသည့် အဖွဲ့အစညးများမှ တစ်ခုအနေဖြင့် စိန်ခေါ်မှု သစ်များကို ရင်ဆိုင်ရာတွင် ကျော်ကြားမှု ထိန်းသိမ်းရန် နည်းလမ်းသစ်များဖြင့် ကြိုးစားခြင်း ဖြစ်ကြောင်း သိရသည်။ ထိုစိန်ခေါ်မှု များထဲတွင် Google ၏ Chrome browser သုံးစွဲမှု မြင့်တက်လာခြင်းနှင့် စမတ်ဖုန်းနှင့် tablet ဈေးကွက်တွင် Firefox ၏မှေးမှိန်လာသော အခန်းကဏ္ဍတို့လည်း ပါဝင်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က Mozilla ၏ခံယူချက်မှာ Microsoft ၏ Internet Explorer လွှမ်းမိုးမှုကို ချေဖျက်ရန် ဖြစ်သော်လည်း ယခုအခါတွင် iOS နှင့် Android ဈေးကွက်ထဲသို့ ပိုမိုထိုးဖောက် ဝင်ရောက်ရန် ဖြစ်ကြောင်း သိရသည်။

-(Ref : CNET)