Yahoo ၏ ၂၀၁၄ ခုနှစ် ထိပ်တန်း ရှာဖွေမှု စာရင်းတွင် အီဘိုလာ ထိပ်ဆုံးမှ ရပ်တည်နေ

yahoo-top-searches-2014.jpg

ယခုနှစ်တွင် Yahoo search engine သုံးစွဲသူများသည် နည်းပညာ ထုတ်ကုန်နှင့် အောင်မြင်ကျော်ကြား သူများထက် အီဘိုလာ ရောဂါအကြောင်း ပိုမိုရှာဖွေကြကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွက် Yahoo မှ ထုတ်ပြန်ခဲ့သည့်  ထိပ်တန်းရှာဖွေမှု စာရင်းတွင် အာဖရိက နိုင်ငံများတွင် အထိအခိုက် များခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ကူးစက်ခဲ့သည့် အီဘိုလာ ရောဂါသည် ရှာဖွေမှု အများဆုံး ဖြစ်ခဲ့သည်။ ဒုတိယ ရှာဖွေမှု အများဆုံးမှာ စက်တင်ဘာလက Microsoft မှဝယ်ယူခြင်း ခံရသော နာမည်ကျော် Minecraft ဂိမ်းဖြစ်သည်။ ၎င်းတို့၏ နောက်တွင် အောင်မြင်ထင်ရှား သူများဖြစ်သော အာရီယာနာဂရာဒီ၊ ဂျနီဖာလောရင့်စ်၊ ကာလေကူအိုကို၊ ကင်မ်ကာဒါရှီယမ်၊ မိုင်လေဆိုင်းရပ်စ်နှင့် ဂျနီဖာအန်နီစတန်တို့က အဆင့် ၁၀ အတွင်း အစဉ်လိုက် ရပ်တည်နေကြသည်။ ရှာဖွေမှု ထိပ်တန်းစာရင်းတွင် ဒစ္စနေရုပ်ရှင် Frozen သည် နံပါတ် ၇ နေရာတွင် ရပ်တည်နေလျက် ရှိသည်။ Apple ၏ iPhone 6 သည်လည်း ထိပ်တန်းရှာဖွေမှု စာရင်းတွင် နံပါတ် ၉ နေရာတွင် ရပ်တည်နေပြီး iPhone သည် Yahoo ၏ရှာဖွေ အခံရဆုံး စကားလုံးအဖြစ် ငါးနှစ်အတွင်း လေးကြိမ် ရပ်တည်နိုင်ခဲ့ကြောင်း Yahoo မှပြောကြားခဲ့သည်။

နှစ်စဉ်နှစ်တိုင်း အတွေ့ကြုံ နုနယ်သော အမျိုးသမီး တေးဂီတ ပညာရှင်ကဲ့သို့ ပုံစံမျိုး စာရင်းအတွင်း ပါဝင်လာသည်ကို တွေ့မြင်ရကြောင်း၊ ယခုနှစ်တွင် အဆိုပါ ပုဂ္ဂိုလ်မှာ အာရီယာနာဂရာဒီ ဖြစ်ပြီး ယခုနှစ်၏ ထိပ်တန်းရှာဖွေမှု နံပါတ်သုံး နေရာတွင်ရှိကာ Billboard အောင်မြင်မှု ပိုင်ဆိုင်ထားသူ Nickelodeon ကြယ်ပွင့်ဟောင်း တစ်ဦးဖြစ်ကြောင်း၊ ထိပ်တန်း ရှာဖွေမှုတွင် ယဉ်ကျေးမှုပြယုဂ် (Frozen)၊ လူမှုရေး မီဒီယာကြော်ငြာ အစီအစဉ် (ကင်မ်ကာဒါရှီယမ်)၊ နိုင်ငံရေး သို့မဟုတ် လူမှုရေး သဘာဝဘေး ရိုက်ခတ်မှု (အီဘိုလာရောဂါ) နှင့် နည်းပညာ ပြန့်ပွားလာမှုတို့ တွေ့ရကြောင်း Yahoo ဝက်ဘ် ခေတ်ရေစီးကြောင်း ဆိုင်ရာပညာရှင် ဗီရာချမ်က ပြောကြားခဲ့သည်။

-(Ref : CNET)