Grand Theft Auto V ဂိမ်းခွေများကို Target Australia မှ ဖယ်ရှားခဲ့

GTA5-1.jpg

ကုန်ပစ္စည်းများစွာ ရောင်းချနေသည့် Target Australia စတိုးဆိုင်သည် လူပေါင်း ၄၀,၀၀၀ ကျော်က ဖျော်ဖြေရေးအတွက် အမျိုးသမီးများကို သတ်ဖြတ်ရန် ဂိမ်းကစား သူများကို အားပေးအားမြှောက် ပြုနေသည့် ဂိမ်းကို ရောင်းချမှု ရပ်တန့်ပေးရန် အွန်လိုင်း ပန်ကြားချက်တွင် လက်မှတ်ရေးထိုး ပေးပို့ပြီးနောက် Grand Theft Auto V ဂိမ်းခွေများကို စတိုးဆိုင်များမှ ဖယ်ရှားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ၁၇ နှစ် သက်တမ်းရှိသော ဗွီဒီယို ဂိမ်းခွေများမှ ကစားသူများကို ကားသူခိုးများ အဖြစ်အသွင် ပြောင်းလျက်ရှိသည့် အငြင်းပွား မှုများအနက်မှ တစ်ခုဖြစ်လာသည်။  လွန်ခဲ့သည့်ရက် အနည်းငယ် အတွင်း ကုမ္ပဏီအနေဖြင့် ဂိမ်းနှင့်ပတ်သက်၍ ဝယ်ယူသူများစွာနှင့် စကားပြောဖြစ်ကြောင်း၊ ဂိမ်း၏ အကြောင်းအရာနှင့် ပတ်သက်၍ စိုးရိမ်စရာ ကောင်းသည့် အနေအထားရှိကြောင်း၊ ၎င်းဂိမ်း ရောင်းချမှု ပြုရာတွင် ဝယ်ယူသူ၏ တုံ့ပြန်မှုများရှိပြီး ကုမ္ပဏီအနေဖြင့် ယခုပြဿနာတွင် ဝယ်ယူသူများ၏ အမြင်ကို လေးစားကြောင်း Target  Australia ၏ကုမ္ပဏီဆိုင်ရာ အရေးကိစ္စများ ဖြေရှင်းသူ အထွေထွေ မန်နေဂျာက ပြောကြားသွားခဲ့သည်။ လူပေါင်း ၄၀,၀၀၀ ကျော် လက်မှတ် ထိုးထားသော ပန်ကြားချက်တွင် လူရိုက်ခြင်း၊ သတ်ခြင်းနှင့် အမျိုးသမီးများအပေါ် ကြောက်စရာ ကောင်းသည့် အကြမ်းဖက်မှုများ ပါဝင်သောကြောင့် Target Australia အနေဖြင့် GTA V  ကို ရောင်းချခြင်း ရပ်တန့်သွားရန် အတွက် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် Change.org ဝက်ဘ်ဆိုက်တွင် တင်ခဲ့သည်။

အဆိုပါ GTA V ဂိမ်းသည် လော့စ်အိန်ဂျလိစ်မြို့ကို သရော်ထားသည့် လော့ဆန်တို့စ်မြို့ရှိ ဘဏ်ဓားပြ သုံးဦးကို အခြေခံထားသော ဗွီဒီယိုဂိမ်း တစ်ခုဖြစ်သည်။ ၎င်းဂိမ်းသည် open-world third person ဂိမ်းဖြစ်ပြီး ကစားသူများ အနေဖြင့် ဖော်ချွတ်ကလပ်သို့ သွားရောက်နိုင်ခြင်း၊ ပြည့်တန်ဆာများကို ငှားရမ်းခြင်းနှင့် အကြမ်းဖက်သည့် အပြုအမူများကို လုပ်ဆောင်နိုင်သည့်အပြင် တင်းနစ် ကစားခြင်း၊ ယောဂပြုလုပ်ခြင်းနှင့် ရိုလာကိုစတာ တို့ကိုလည်း စီးနင်းနိုင်မည် ဖြစ်သည်။

Target Australia သည်ဆိုင်ပေါင်း ၃၀၀ ကျော်ဖွင့်လှစ် လုပ်ကိုင်နေလျက်ရှိပြီး Wesfarmers Ltd. မှပိုင်ဆိုင်ကြောင်း မင်နီဆိုတာ ပြည်နယ်အခြေစိုက် Target ကော်ပိုရေးရှင်း ပြောရေးဆိုခွင့်ရှိသူ အီဗန်လတ်ပီစကာမှ ပြောကြားခဲ့သည်။ ထို့အပြင် Target Aus-tralia သည် အမေရိကန် လက်လီကုမ္ပဏီမှ စီမံခန့်ခွဲခြင်းမရှိဘဲ နာမည်နှင့် အမှတ်တံဆိပ်ကိုသာ ဝေမျှအသုံးပြုကြခြင်း ဖြစ်ကြောင်း သိရသည်။ GTA V ဂိမ်းကို မြောက်အမေရိကရှိ Target စတိုးများတွင်မူ ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

-Ref: MercuryNews