Gartner

Gartner သည် အချက်အလက် နည်းပညာ သုတေသနနှင့် အကြံပေးကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်းကို ယခင်က Gartner Group ဟု လူသိများသည်။

Gartner တွင် Research, Executive Programs, Consulting နှင့် Events စသည့် ဌာနများ ပါဝင်သည်။ ကုမ္ပဏီ၏ data visualization နှင့် analysis အတွက် အဓိက tool များမှာ Gartner Magic Quadrants နှင့် the hype cycle တို့ ဖြစ်သည်။

Gartner Magic Quadrants သည် တိတိကျကျ သတ်မှတ်ထားသည့် နည်းပညာအခြေခံ ဈေးကွက်ရှိ ကုမ္ပဏီများ၏ တည်နေရာများနှင့် တိုးတက်မှုနှုန်းတို့ကို စောင့်ကြည့် တွက်ချက်ပေးသော research methodology နှင့် visualization tool တစ်ခု ဖြစ်သည်။ Magic Quadrants ကို ကုမ္ပဏီများအကြားရှိ အားသာချက်များနှင့် ခြားနားချက်များကို two-dimensional matrix ဖြင့် အသုံးပြုကာ ပုံဖော်ပြသပေးသည်။ သုတေသန အစီရင်ခံစာများသည် ရင်းနှီးမြှုပ်နှံသူများအား ကုမ္ပဏီ၏ လိုအပ်ချက်များကို ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေသလို ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု ပြုလုပ်ရာတွင်လည်း အထောက်အကူ ဖြစ်စေသည်။

Hype cycle သည် တိုးတက်မှုရှိပြီး နေရာအနှံ့အပြားတွင် အသုံးချလျက်ရှိသည့် နည်းပညာတစ်ခု၏ အခြေအနေကို အသေးစိတ် ပြသပေးသည်။ Hype cycle မှ ဖော်ပြပေးသည့် အခြေအနေများကို ဈေးကွက်ရှာဖွေခြင်းနှင့် နည်းပညာ အစီရင်ခံစာများတွင် ရည်ညွန်းကာ အသုံးပြုလေ့ရှိကြသည်။

Gartner ကို Gideon Gartner က ၁၉၇၉ တွင် တည်ထောင်ခဲ့သည်။ ကုမ္ပဏီကို ကွန်နက်တီကတ်ပြည်နယ် စတမ်းဖို့ဒ်မြို့တွင် အခြေစိုက်ပြီး မြောက်အမေရိက၊ ဥရောပ၊ အာရှ ပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ လက်တင် အမေရိကနှင့် ဂျပန်တို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားသည်။ Gartner သည် နယူးယောက်ခ် စတော့အိတ်ချိန်းတွင် IT ဟူသော စတော့ သင်္ကေတဖြင့် ဝင်ရောက်ခဲ့သည်။