iOS Version 8.1.1 အား Jailbreak ပြုလုပ်ခြင်း

iOS Device တွေအတွက် အသစ်ထွက် OS Version တစ်ခု ဖြစ်တဲ့ Version 8.1.1 အတွက် Jailbreak Tool အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Jailbreak Tool ကတော့ TaiG လို့ခေါ်ပြီး ဗားရှင်းကတော့ 1.0.1 ပါ။ TaiG Jailbreak Tool Version 1.0.1 ကို အသုံးပြုပြီး ကိုယ့်ရဲ့ Device ကို Jailbreak မပြုလုပ်မီမှာ လိုအပ်နိုင်မယ့် အချက်အလက်တွေကို အရင်ဆုံး ဖော်ပြပေးပါမယ်။

ပထမ အဆင့်အနေနဲ့ ကိုယ့်ရဲ့ Device မှာရှိနေတဲ့ iOS Version ကိုအရင်ဆုံး စစ်ဆေးကြည့်ပါ။

ဒုတိယ အချက်တစ်ခု အနေနဲ့ ကိုယ့်ရဲ့ Device ထဲမှာ ရှိနေတဲ့ အရေးကြီး အချက်အလက်တွေ မဆုံးရှုံးစေဖို့အတွက် Device မှာရှိနေတဲ့ အချက်အလက်တွေကို iCloud ပေါ် ဒါမှမဟုတ် iTune ကို အသုံးပြုပြီး ကွန်ပျူတာမှာ Backup ပြုလုပ်ပါ။

တတိယ တစ်ခုအနေနဲ့ ကိုယ့်ရဲ့ဖုန်းမှာ Passcode စနစ်ကို အသုံးပြုထားတယ် ဆိုရင် Passcode စနစ်ကို ပိတ်ပါ။ ထို့အတူ Fine My iPhone ဆိုတဲ့ စနစ်ကိုလည်း ပိတ်ရပါမယ်။ ဒီစနစ်နှစ်ခုကို ပိတ်မထားဘူး ဆိုရင်တော့ Jailbreak ပြုလုပ်ချင်းအတွက် အခက်အခဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါကတော့ Jailbreak မပြုလုပ်မီ သတိပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။ Jailbreak Tool ဖြစ်တဲ့ TaiG ကို Download ပြုလုပ်ပါ။ Jailbreak Tool ကိုတော့ taig.com မှာ Download ပြုလုပ်နိုင်ပါတယ်။

Download ပြုလုပ်ရရှိပြီ ဆိုရင်တော့ ကိုယ့်ရဲ့ iDevice ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီး iTune ချိတ်ဆက်မှု ရရှိရန် ပြုလုပ်ပါ။ ကွန်ပျူတာနဲ့ ချိတ်ဆက်မှု ရရှိပြီဆိုရင်တော့ TaiG Jailbreak Tool ကိုဖွင့်လိုက်ပါ။ Jailbreak Tool ဖွင့်ပြီးရင်တော့ ပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ပါ။ တရုတ်စာများဖြင့် ဖော်ပြထားတာကို မြင်ရပါလိမ့်မယ်။ Start ကိုနှိပ်ပါ။

Jailbreak ကိုဆော့ဖ်ဝဲက အလိုအလျောက် လုပ်ဆောင်ပေးနေ ပါလိမ့်မယ်။ ပြီးရင်တော့ Close ကိုနှိပ်ပါ။

ဒါဆိုရင်တော့ Jailbreak ပြီးသွားတဲ့ အချိန်မှာ ဖုန်းဟာ သူ့အလိုလို Restart ကျသွား ပါလိမ့်မယ်။ ပြီးသွားရင်တော့ Jailbreak ရရှိသွားတာကို ဖုန်းမှာခုလိုမျိုး Cydia ကိုမြင်တွေ့ ရမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ Jailbreak ရရှိပြီဖြစ်ပြီး Cydai ကိုအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။