HP LaserJet Pro 400 M401dn Printer

HP-LaserJet-Pro-400-M401dn-Printer.jpg

HP LaserJet Pro 400 M401dn Printer သည် Auto Duplex စနစ်၊ Mobile Printing စနစ်တို့ပါရှိသည့် Built-in Network Printer အမျိုးအစားဖြစ်သည်။ HP ePrint application software ကို အသုံးပြု၍ နည်းပညာမြင့် Andriod/iOs Devices များမှ တိုက်ရိုက် Print out ပြုလုပ် နိုင်မည်ဖြစ်သည်။ ကွန်ပျူတာ အသုံးပြုစရာမလိုဘဲ Memory Stick မှ တိုက်ရိုက် Printout ပြုလုပ်နိုင်မည်ဖြစ်သည်။ Apple Mac OS သုံး PC/Laptop များတွင် သီးသန့် Printer Driver တင်စရာမလိုဘဲ Print out ပြုလုပ်နိုင်မည်ဖြစ်သည်။ Printer Processor Speed မှာ 800MHz ရှိခြင်းကြောင့် Resolution 1200 x 1200 dpi ရှိသော ပုံရိပ်များကို တစ်မိနစ်လျှင် A4 စာမျက်နှာ ၃၃ မျက်နှာ နှင့် Letter စာမျက်နှာ ၃၅ မျက်နှာအထိ Print ထုတ်ပေးနိုင်သော မြန်နှုန်းမြင့် Office Mono LaserJet Professional အမျိုးအစား ဖြစ်သည်။ Buit-in Memory 256 MB ပါရှိပြီး HP Auto-on/Auto-off နည်းပညာ ပါရှိခြင်းကြောင့် အလုပ်မလုပ်ဘဲ ရပ်နားထားစဉ် Printer Power ကို အလိုအလျောက် ပိတ်ပေး၍ Print out command ပြန်ပေးသောအခါမှ Printer Power ကို အလိုအလျောက် ပြန်ဖွင့်ပေးမည်ဟု သိရသည်။ အာမခံသက်တမ်း ၁ နှစ်ပေးထားပြီး တန်ဖိုး ကန်ဒေါ်လာ ၃၀၀ ဖြင့် Royal Smart Co., Ltd ဖုန်း – ၀၉၂၅၀၀၈၈၅၉၉ နှင့် ၀၁-၃၇၉၅၆၄ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။