Private Camera Pro

Private.jpg

Price : Free

မိမိ၏ iPhone, iPad အစရှိသည်တို့ကို အခြားသူများ ယူကိုင်သည့်အခါတွင်ဖြစ်စေ၊ ငှားရမ်းသုံးစွဲသည့်အခါတွင်ဖြစ်စေ ဓာတ်ပုံများ၊ ဗီဒီယိုများကို အလွယ်တကူ ဝင်ရောက်သုံးစွဲခြင်းမပြုနိုင်ရန် စီစဉ်ပေးထားသည့် App တစ်ခု ဖြစ်သည်။ ထို့အပြင် အဆိုပါ app မှ ဓာတ်ပုံရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းများ ကိုလည်း ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပြီး Password, Pattern Lock အစရှိသည်တို့ဖြင့် မိမိအချက်အလက်များကို ကာကွယ်ထားနိုင်မည် ဖြစ်သည်။

Private Camera Pro app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။