Replay Technology ကို Intel ဝယ်ယူ

intel-SH-recode-2016mar10.jpg

Intel သည် အားကစားပြိုင်ပွဲများကို panoramic မြင်ကွင်းဖြင့် ရုပ်သံတွင် ထုတ်လွှင့်နိုင်ရန် အကူအညီပေးနိုင်မည့် အစ္စရေးကုမ္ပဏီ Replay Technologies ကိုပြီးခဲ့သည့် အင်္ဂါနေ့က ဝယ်ယူလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။ ထို့အပြင် Intel က Replay ဝန်ထမ်းဦးရေ မည်မျှရှိကြောင်း ထုတ်ဖော် မပြောကြားခဲ့သော်လည်း ၎င်းအဖွဲ့ကို လက်ရှိအမှုဆောင် အရာရှိချုပ် အိုရန်ယိုဂတ်က ဦးဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကုမ္ပဏီ ၂ ခုသည် လတ်တလော NBA All-Star ပြိုင်ပွဲအတွက် ထုတ်လွှင့်မှုများ ပြုလုပ်ရန် ပူးပေါင်းလုပ်ကိုင် လျက်ရှိသည်။ Intel အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျအနေဖြင့် အားကစားနှင့် နည်းပညာ ကမ္ဘာအကြားက လမ်းဆုံသစ်ကို ဆွေးနွေးပြောကြား ခဲ့ဖူးသည်။ Replay ၏ “freeD” နည်းပညာသည် replay များကြည့်ရှုနိုင်သည်။

Ref: Recode