Samsung Galaxy S7 Edge

Samsung-Galaxy-S7-Edge(04)_TKK_Google_Review_10Mar2016.jpg

Device Support : Samsung
Pirce : 900,000 ks

အားသာချက်

တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သောကြောင့် ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU, Memory, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန် နေမည်ဖြစ်သည်။ Screen အရည်အသွေး ပိုင်းတွင်လည်း မြင့်မားကောင်းမွန်ပြီး ရှေ့ကင်မရာတွင် Screen Flash စနစ် ပါဝင်သောကြောင့် အလင်းအားနည်းသော နေရာများတွင် Selfie ကောင်းကောင်း ရိုက်နိုင်သည်။ Microsoft Office App များ ပါဝင်သည့်အတွက် အိတ်ဆောင်ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးပြု နိုင်မည်ဖြစ်ပြီး ရေစိုခံအကြမ်းခံ ဖုန်းမျိုးဖြစ်သည်။

အားနည်းချက်

Dual Sim စနစ် အသုံးပြုနိုင်သော်လည်း Sim 2 နေရာ မှာ SD Card နှင့်အတူ တွဲထားသောကြောင့် Sim Card နှစ်ခု အသုံးပြုချိန်တွင် SD Card ကိုအသုံးပြုနိုင်မည် မဟုတ်ပါ။ Sim Card နှစ်ခုအတွက် Slot တစ်ခုတွင်သာ အသုံးပြုရမည်ဖြစ်ပြီး Sim Card Adapter မှာ ပလတ်စတစ် ဖြစ်ခြင်းကြောင့် အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းကိုလည်း ဂရုစိုက်ရမည် ဖြစ်သည်။

ဒီဇီုင်း

ပုံစံဒီဇိုင်းလှပသော ဖုန်းအမျိုးအစားဟု ဆိုနိုင်ပြီး ဖုန်းကိုယ်ထည်အား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့်အပြင် နောက်ဘက်ကာဗာတွင် Gorilla Glass 4 ဖြင့် ဖုံးအုပ်ထားသောကြောင့် အလွယ်တကူ ပွန်းရှခြင်းနှင့် လွတ်ကျခြင်းများအတွက် အတန်အသင့် ကာကွယ်ပေးထား နိုင်မည်ဖြစ်သည်။ နောက်ဘက်ကာဗာ အသေဖြစ်ပြီး ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၀၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၂၆ စင်တီမီတာ၊ ထုထည် ၀.၇၇ စင်တီမီတာ ရှိမည်ဖြစ်သည်။ အလေးချိန်မှာ ၁၅၇ ဂရမ်ဖြစ်ပြီး ပါးပါးလျားလျားနှင့် အလေးချိန် အနည်းငယ်ရှိသော ဖုန်းဖြစ်သည်။ ရှေ့မြင်ကွင်း Screen မှာ ဘေးအနားနှစ်ဖက် ခုံးထားသော Edge Screen ဖြစ်သည့်အတွက် Screen များ မှာဖုန်း၏ ဘေးဘောင်ပေါ်ထိ ကွေးညွှတ်နေသောကြောင့် ဘေးဘောင် မပါဝင်သော Screen အပြည့် မြင်ကွင်းပုံစံမျိုး မြင်တွေ့ရမည် ဖြစ်သည်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက S7 Edge သည် ဖုန်းတွင် အသုံးပြုထားသော Hardware ပိုင်း၊ Sensor  ပိုင်း၊ မှတ်ဉာဏ်ပိုင်းနှင့် ကင်မရာပိုင်းတို့တွင် ကောင်းမွန်ပြည့်စုံသော တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ Screen အရည်အသွေး မြင့်မားသည့်အပြင်ယခင် Samsung ဖုန်းများနှင့် မတူဘဲ English နှင့် Zawgyi ဖောင့်နှစ်မျိုး တွဲဖက်အသုံးပြု နိုင်မည်ဖြစ်သည်။ Sim Card Adapter မှာ ပလတ်စတစ် ဖြစ်သောကြောင့် ကျိုးပဲ့နိုင်ခြင်းအား ဂရုစိုက်ရမည် ဖြစ်သည်။

အသေးစိတ် ဖော်ပြချက်

Quad-core 2.6 GHz နှင့် quad-core 1.6 GHz တို့ ပါဝင်သော Octa core CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Adreno 530 GPU ကိုထည့်သွင်း ပေးထားသည်။ မှတ်ဉာဏ်မှာ 32GB/ 64GB နှစ်မျိုးရှိပြီး RAM 4GB နှင့်အတူ ထပ်တိုး အသုံးပြုနိုင်ရန်အတွက် Micro SD Card 200GB ထိထပ်တိုး နိုင်မည်ဖြစ်သည်။ 12Mega Pixel နောက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး OS မှာ Android OS Version 6.0.1 ဖြစ်သည်။

Bluetooth v4.2, A2DP, LE, apt-X, USB 2.0 နှင့်  ဘက်ထရီမှာ Li-Ion 3600 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။ GSM စနစ်သုံး ဖုန်းဖြစ်ပြီး 2G/ 3G/ 4G ကွန်ရက်စနစ် များတွင်အသုံးပြု နိုင်မည်ဖြစ်သည်။ Nano Sim နှစ်ကတ် အသုံးပြုရမည်ဖြစ်ပြီး Sim Slot နှစ်ခုနှင့် SD Card Slot တို့မှာ အတွဲလိုက်ဖြစ်သည်။

မြင်ကွင်း

၅.၅ လက်မရှိသော Super AMOLED Screen ဖြစ်ပြီး  1440 x 2560 Pixels (~534 ppi pixel density) ထိရှိနိုင်မည် ဖြစ်သည်။

နည်းပညာ

Gesture စနစ်ပိုင်းများ ပါဝင်သည့်အပြင် ဖုန်းအချက်အလက် လုံခြုံရေးနှင့် အခြားလုံခြုံရေး စနစ်များအတွက် Finger Print စနစ်နှင့် Privacy & Safety စနစ်များကိုလည်း အသုံးပြုနိုင် မည်ဖြစ်သည်။ ရှေ့ကင်မရာ စနစ်ကောင်းမွန်လာပြီး ရှေ့ကင်မရာတွင် Screen Flash စနစ် ပါဝင်လာသောကြောင့် အလင်းအားနည်းသော နေရာများတွင်လည်း Selfie ကောင်းကောင်း ရိုက်နိုင်သည့်အပြင် သာမန် Selfie စနစ်နှင့် Wide Selfie စနစ်များကို ခွဲခြားအသုံးပြု နိုင်မည်ဖြစ်ပြီး ရှေ့ကင်မရာတွင် HDR စနစ်ပါဝင် လာသည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ နောက် ဘက်ကင်မရာ ပိုင်းတွင်လည်း ကောင်းမွန်ပြည့်စုံသော ကင်မရာအသုံးပြု စနစ်များကို ထိတွေ့နိုင်သည်။ Microsoft  Word, Excel, PowerPoint စနစ်များ ပါဝင်သည့်အတွက် အိတ်ဆောင် ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် Samsung ၏ ကျန်းမာရေး ဝန်ဆောင်မှု App နှင့် ဆော့ဖ်ဝဲ​ဝန်ဆောင်မှု App တို့ကိုလည်း အသုံးပြုနိုင်သည်။ Screen အရည်အသွေး ကောင်းမွန်သောကြောင့် ကြည်လင်သောရုပ်ထွက် မြင်ကွင်းကို ခံစားနိုင်သည့်အပြင် IP68 Certified ရရှိထားသော ရေစိမ်ခံဖုန်း အမျိုးအစား ဖြစ်သည်။