Ubisoft ၏ Shooter ဂိမ်းသစ် The Division

The-Division.jpg

E3 တွင် ကြော်ငြာပြီးကတည်း ကစားလိုသူများပြားခဲ့သော Ubisoft မှ ဖြန့်ချိသည့် Online Shooter ဂိမ်း Tom Clancy’s The Division ၏ PS4 version နှင့် PC Digital Version ထွက်ရှိလာကြောင်း သိရသည်။ Online ဂိမ်းဖြစ်သောကြောင့် PS4 original ခွေ ဝယ်ယူကစားရမည်ဖြစ်ပြီး PC အတွက် game client ဝယ်ယူနိုင်မည်ဖြစ်သည်။ The Division တွင် ကစားသူအနေဖြင့်ရောဂါ ပိုးပျံ့နှံ့မှုကြားတွင် တိုက်ပွဲများဖြစ်နေသော New York မြို့တွင် ဝင်ရောက် ကစားရမည်ဖြစ်ပြီး online campaign တွင် ကစားသူအချင်းချင်း ပူးပေါင်းကာ missions များ ဆောင်ရွက်နိုင်သလို competitive multiplayer တွင်လည်း သတ်မှတ်ထားသော နယ်မြေများတွင် အချင်းချင်း တိုက်ခိုက်နိုင်သလို နောက်ပိုင်းပွဲများတွင် အသုံးပြုနိုင်မည့် လက်နက်များကို ရှာဖွေရမည်ဖြစ်ကြောင်း သိရှိရသည်။ GAME HIVE ဖုန်း ၀၉၇၃၁၁၈၅၅၀ နှင့် ၀၉၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။