MSQRD

MSQRD.jpg

Price : Free

Facebook မှ ဝယ်ယူလိုက်သည့် Selfie သမားများအတွက် ရုပ်ပြောင် Filter များ ထည့်သွင်းထားသည့် MSQRD app သည် Selfie ရိုက်ခြင်းကို နှစ်သက်သူများအတွက် ရုပ်ပြောင် Filter များ ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် ဓာတ်ပုံအနေဖြင့်သာမက ဗီဒီယိုဖိုင်အဖြစ်ပါ ရိုက်ကူးနိုင်မည်ဖြစ်ပြီး လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပြန်လည်မျှဝေနိုင်စေရန်အတွက်လည်း ပြုလုပ်ပေးထားသည်။
MSQRD app ကို Android OS အသုံးပြုသူများရော iOS အသုံးပြုသူများပါ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ Android OS အသုံးပြုသူများအတွက် ဒီနေရာကို နှိပ်ပါ။ iOS အသုံးပြုသူများအတွက် ဒီနေရာကို နှိပ်ပါ။