Ooredoo က ၎င်း၏ အသုံးပြုမှု ငွေစာရင်းအချို့ကို ထုတ်ပြန်

12813954_853797391410169_6472007607647368464_n.jpg

မကြာသေးခင်က ပြည်ပမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးယူထားသည့် Ooredoo သည် မြန်မာနိုင်ငံ အတွင်း ၎င်းတို့အသုံးပြုခဲ့သည့် ငွေစာရင်းအချို့ကို ထုတ်ပြန်ကြေညာလိုက်သည်။

၎င်းတို့သည် အမေရိကန်ဒေါ်လာ ၂ သန်းကို Myanmar Football Federation နှင့် Myanmar National League အတွက် Sponsor ပေးအပ်ထားကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၆ ခုနှစ်အတွက်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ Ooredoo သည် အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါဝင်သော မြန်မာလုပ်သား ၉၀၀ ကျော်ကို ခန့်အပ်ထားပြီး အဆိုပါ ဝန်ထမ်းလုပ်သားများ၏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို အသုံးပြုခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် Ooredoo သည် ၂၀၁၅ ခုနှစ်၏ နောက်ဆုံးသုံးလပတ်အထိ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။