MSI Z170A GAMING PRO Gaming Motherboard

MSI-Z170A-GAMING-PRO-Gaming-Motherboard.jpg

MSI Z170A GAMING PRO  Motherboard တွင် Skylake 6th Gen CPU Intel Socket 1151 ၏ Chipset ဖြစ်သော Z170 Express ကို
အသုံးပြုထားပြီး Skylake 6th Gen CPU Core i7 အထိ တပ်ဆင် အသုံးပြုနိုင်မည်ဖြစ်သည်။ Military Class 5 အမျိုးအစားဖြစ်ပြီး Memory ပိုင်းအတွက် Latest Dual Channel DDR4 2133 MHz မှ DDR4 3600 (OC)  အထိ ထောက်ပံ့ပေးနိုင်သည့် DIMM Slot လေးခုပါဝင်ပြီး အမြင့်ဆုံး 64GB အထိ တပ်ဆင်နိုင်မည် ဖြစ်သည်။ SATA ထောက်ပံ့မှုပိုင်းတွင် ပုံမှန် SATA3 6Gbps port ၈ ခုအပြင် Turbo M2 port ကို ထည့်သွင်းထားပြီး M2 port မှ  SSD Express card နှင့် M2 မှ SATA ပြောင်းနိုင်သော M2 to SATA Express Card ကို တပ်ဆင် အသုံးပြုနိုင်မည်ဖြစ်သည်။ PCI-E (3.0) x 16 slot သုံးခု ပါဝင်သည်။ PCI-E x1 slot သုံးခုနှင့် Audio card (သို့) Video card များကို ထပ်မံတပ်ဆင်အသုံးပြုနိုင်သည့် PCI Slot တစ်ခုလည်း ပါဝင်သည်။ I/O port များအနေဖြင့် Data များ Transfer လုပ်ရာတွင် နှစ်ဆပိုမြန်သည့် USB 3.1 port  ခြောက်ခု ၊ USB 2.0 Port ခြောက်ခု ၊ Gaming  GB LAN port ၊  DirectX 12 အထောက်အပံ့ပေးသော HDMI port တစ်ခုနှင့်  Audio (5+ Optical SPDIF) port များ ပါဝင်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၂၁၀ ဖြစ်ပြီး Royal Smart Co.,Ltd ဖုန်း – ၀၉၇၃၀၂၀၉၈၁ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။