Asus Fonepad 7 K012

10846794_10203347794836701_2078367484.jpg

အားသာချက်

ဈေးနှုန်းချိုသာပြီး သုံးစွဲသူတွေ ဈေးသက်သက် သာသာနဲ့ အသုံးပြုနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပြီး ပါးလွှာတဲ့ ဒီဇိုင်းကြောင့် သယ်ဆောင် အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်လည်း ကောင်းမွန်တဲ့အတွက် သွားလေရာမှာ အလုပ်တွေကို အလွယ်တကူနဲ့ လုပ်ကိုင်ဆောင်ရွက် နိုင်မှာပါ။ SIM Card Slot ၂ခု ကို ထည့်သွင်း ပေးထားတဲ့အတွက် အင်တာနက် အသုံးပြုမယ့် သူတွေအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အားနည်းချက်

ဈေးနှုန်းချိုသာတဲ့ Tablet တစ်လုံး ဖြစ်တာကြောင့် ကင်မရာပိုင်းမှာ Megapixel အမြင့်မားကြီး မဟုတ်ဘဲ ပုံမှန်အသုံးပြု နိုင်လောက်စေရန်သာ ထည့်သွင်းပေးထား ပါတယ်။ နည်းပညာ ပိုင်းမှာလည်း ထူးခြားတဲ့ နည်းပညာသစ်တွေ ပါဝင်လာတာကို တွေ့ရမှာတော့ မဟုတ်ပါဘူး။

သုံးသပ်ချက်

Asus Fonepad 7 K012 ဟာ သပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာ ကိုတွေ့မြင်ရမှာ ဖြစ်ပြီး၊ Speaker ကိုလည်း မျက်နှာပြင် အထက်ပိုင်းမှာ တပ်ဆင်ထားပါတယ်။ ရုပ်ထွက်ေ ကာင်းမွန်အောင် အထောက်အပံ့ ပေးထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မြင်ကွင်းအရွယ် အစားကတော့ ၇ လက်မ ရှိမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom Z2560 Quad Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 2GB ထည့်သွင်း ပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ GSM, WCDMA Sim Card များကို ထည့်သွင်း အသုံးပြု နိုင်ရန်အတွက် စီစဉ်ဖန်တီး ပေးထားပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြု နိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.3 ဖြစ်တဲ့ Jelly Bean Version ကို အသုံးပြု ထားပါတယ်။ IPS Capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1024 x 600 resolution ရှိမှာ ဖြစ်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ Dual Camera ကို အသုံးပြုထားပြီး အရှေ့ဘက် ကင်မရာဟာ 0.3 Megapixels ရှိမှာဖြစ်ပြီး အနောက်ဘက် ကင်မရာကတော့ 2.0 Megapixels ရှိမှာဖြစ်ပါတယ်။ 1080p အရည်အသွေးရှိသည့် Video File တွေကို ကြည့်ရှုနိုင်အောင် အထောက်အပံ့ ပေးထားမှာ ဖြစ်ပါတယ်။

ဒီဇိုင်း

Asus Fonepad 7 K012  Tablet ဟာ အရှေ့ဘက် ဘောင်ကို အနက်ရောင် အသုံးပြုထားပြီး အနောက်ဘက်ကိုတော့ အညိုရောင်ဖြင့် ပြုလုပ်ဖန်တီး ပေးထားပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်ပုံစံကို ပြုလုပ် ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။