Kim Kardashian: Hollywood ဂိမ်းမှ ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့ကြောင်း ကင်မ်ကာဒက်ရှီယန် ပြောကြား

gettyimages-453492268.jpg

Kim Kardashian: Hollywood မိုဘိုင်းဂိမ်းမှ ဒေါ်လာ သန်း ၈၀ ရရှိခဲ့ကြောင်း ကင်မ်ကာဒက်ရှီယန်က Twitter post တစ်ခုတွင်ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်သည် နှစ်လိုဖွယ်ကောင်းသော သူမ၏ selfie ဓာတ်ပုံများနှင့် ပတ်သက်၍ အငြင်းပွားမှုများအား တုံ့ပြန်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကင်မ်ကာဒက်ရှီယန်၏ ပြောကြားချက်မှာ အတိအကျမှန်ကန်ကြောင်း အတည်မပြုနိုင်သော်လည်း သူမ၏ဂိမ်းကို ဖန်တီးသည့် Glu Mobile က ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ ဒေါ်လာ ၂၄၉.၉ သန်းရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဂိမ်းတွင် သူမ၏ ပုံရိပ်နှင့် အထောက်အပံ့မပါဝင်ပါက ယခုကဲ့သို့ အောင်မြင်မှုရရှိလိမ့်မည် မဟုတ်ပေ။

၂၀၁၄ ခုနှစ် ဇွန်လတွင် ဖြန့်ချိခဲ့သော Kim Kardashian: Hollywood ဂိမ်းသည် ၂၀၁၅ ခုနှစ်တွင် Glu Mobile ကုမ္ပဏီ၏ ဝင်ငွေအရရှိဆုံးဂိမ်းဖြစ်လာသည်။ iPhone နှင့် iPad တွင် ကစားနိုင်သော အဆိုပါဂိမ်းသည် in-app purchase များဖြင့် နာမည်ကျော်ကြားသူတစ်ဦးကို ကိုယ်ပိုင်ဖန်တီးရန် ကစားသူများကို ဖိတ်ကြားကာ ကစားရသည့်ဂိမ်းဖြစ်သည်။ ၎င်းဂိမ်းကို download ပြုလုပ်သည့်အကြိမ် သန်း ၄၀ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင်ပင် ဝင်ငွေ ၇၁.၈ သန်းရရှိခဲ့သည်။

Ref: Time