Samsung Galaxy S7 edge အား အတိုးနှုန်းမဲ့ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်

12801512_10206190491584133_9190193201053672553_n.jpg

Samsung ၏ နောက်ဆုံးထွက် Flagship မော်ဒယ် စမတ်ဖုန်းဖြစ်သည့် Samsung Galaxy S7 edge (Gold Platinum) အား အတိုးနှုန်းမဲ့ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး မတ်လ ၇ ရက်မှ ၁၈ ရက်အတွင်း ၆ လအရစ်ကျ ကြိုတင်မှာယူစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“Galaxy S7 edge (Gold Platinum) ဝယ်ယူလိုသူတွေကို အတိုးမယူဘဲ ၆ လအရစ်ကျနဲ့ ရောင်းချပေးသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အရစ်ကျစနစ်နဲ့ ရောင်းချမှုကို ကမ္ဘောဇဘဏ် (KBZ Bank) နဲ့ ချိတ်ဆက်ထားပါတယ်။ မူလဈေးနှုန်း ကျပ် ၉ သိန်းနဲ့သာ ရောင်းချပေးသွားမှာဖြစ်ပြီး ကြိုတင်မှာယူစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဘဏ်ကတစ်ဆင့် စာရင်းပေးသွင်း မှာယူသူတွေက စတင်ရောင်းချတဲ့အခါ ပေးအပ်သွားမယ့် အပိုဆောင်း လက်ဆောင်ပစ္စည်းတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်” ဟု Samsung မြန်မာ၏ IT and Mobile, Head of Department မှ ကိုဇာနည်ဝင်းထက်က ပြောသည်။

ဝယ်ယူမည့်သူများအနေဖြင့် ကမ္ဘောဇဘဏ်တွင် ငွေစုစာရင်းဖွင့်ထားပြီးသူဖြစ်ပြီး ငွေစုစာရင်းတွင် အနည်းဆုံး စုငွေကျပ် ၉ သိန်း ရှိရမည်ဖြစ်သည်။ တစ်လလျှင် ၁၅၀,၀၀၀ ကျပ်သာ ပေးသွင်းရန်လိုအပ်ပြီး စုငွေစာရင်း မရှိသေးသူများအနေဖြင့် အသစ်ဖွင့်ရန်လိုအပ်ကာ ကနေဦးစုငွေ ကျပ် ၉ သိန်း ထည့်သွင်းရန်လိုအပ်မည် ဖြစ်သည်။ ဝယ်ယူသူများသည် ၆ လ အရစ်ကျ ဝယ်ယူနေချိန်အတွင်း အဆိုပါစုငွေ၏ အတိုးနှုန်းခံစားခွင့်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

၆ လအရစ်ကျ ရောင်းချမှုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့များတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များရှိ ကမ္ဘောဇဘဏ် (KBZ Bank) များတွင် ကြိုတင်စာရင်းပေးသွင်း မှာယူနိုင်မည်ဖြစ်သည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူသူများသည် ကျပ် ၉ သောင်း တန်ဖိုးရှိ အပိုဆောင်းလက်ဆောင်များဖြစ်သော Samsung Original Battery Pack နှင့် 64GB Samsung Original Class 10 microSD card တို့ကို ရရှိခံစားနိုင်မည်ဖြစ်သော်လည်း ကံစမ်းမဲအစီအစဉ်တွင်မူ ပါဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။

ဝယ်သူများအနေဖြင့် မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း မိမိတို့ ဝယ်ယူစဉ်က စာရင်းပေးသွင်းခဲ့သည့် Samsung Brand Shop တွင် ဖုန်းအား ထုတ်ယူနိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို Samsung Customer Contact Center – ဖုန်း – ၀၁ ၂၃၉၉၈၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။