Oppo R9 နှင့် R9 Plus ကို မတ်လ ၁၇ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

oppo-r9-launch.gif

ကင်မရာအသားပေး Oppo R9 နှင့် R9 Plus ကို မတ်လ ၁၇ ရက်တွင် မိတ်ဆက်ကြေညာမည် ဖြစ်သည်။

TENAA ဆိုက်မှ ထွက်ပေါ်လာခဲ့သော ဓာတ်ပုံများအရ အဆိုပါ ဖုန်းနှစ်မျိုးစလုံးတွင် သတ္တုကိုယ်ထည်နှင့် AMOLED screen တို့ကို အသုံးပြုထားသည်။ R9 တွင် ၅.၅ လက်မ 1080p screen ကို အသုံးပြုထားပြီး R9 Plus တွင် အရွယ်ကြီးမားသော ၆ လက်မ 1080p screen ကို အသုံးပြုထားသည်။ စမတ်ဖုန်းနှစ်မျိုးစလုံးတွင် octa-core ပရိုဆက်ဆာများပါဝင်ပြီး 4GB RAM, 64GB storage နှင့် Android 5.1 Lollipop တို့ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

ကင်မရာအနေဖြင့် အရှေ့ဘက်နှင့် ကျောဘက်တွင် 16MP sensor များပါဝင်လာမည်ဖြစ်သည်။ သို့ရာတွင် MWC ၌ OPPO မှပြသခဲ့သော sensor-shift image stabilization နည်းပညာ ပါဝင်လာခြင်းရှိ မရှိကိုမူ မသိရသေးပေ။

R9 နှင့် R9 Plus တွင် 2,850mAh နှင့် 4,120mAh ဘက်ထရီအသီးသီး ပါဝင်လာပြီး VOOC အားသွင်းစနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: GSMArena