iOS 9.3 တွင်ပါဝင်မည့် Night Shift Mode ကို Android OS တွင် အသုံးပြု ခြင်း

Cover.gif

iOS 9.3 Update မှာ Night Shift Mode ပါဝင်လာမှာဖြစ်ပြီး အဆိုပါ Feature အပြင် Note ကို Password, Touch ID အစရှိတာတွေနဲ့ကာကွယ်မယ့် နည်းပညာ ပါဝင်လာပါတယ်။ Night Shift ဆိုတာကတော့ ညပိုင်းအိပ်ရာဝင်တဲ့ အချိန်မျိုးမှာ Phone က ထွက်လာတဲ့ အလင်းရောင်ကြောင့် အိပ်မပျော်တာမျိုး မဖြစ်စေဖို့အတွက် အလင်းရောင်ကိုလျှော့ချပြီး ဝါကျင့်ကျင့် အရောင်ဘက်သို့ပြောင်းကာ မျက်စိစူးပြီး မအိပ်ချင်တာမျိုး မဖြစ်ပေါ်စေရန် ပြုလုပ်ပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

အဆိုပါ Night Shift Mode ကို iOS user များက မကြာခင်မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Android သုံးစွဲသူများအတွက် Night Shift Mode ကို အသုံးပြုလိုတယ်ဆိုရင် Play Store ကနေ app တစ်ခုကို ထည့်သွင်းပြီး အဆိုပါနည်းပညာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Android အသုံးပြုသူများအတွက် Night Shift mode ကို အသုံးပြုချင်တယ်ဆိုရင် ဒီနေရာကနေ ရယူနိုင်ပါတယ်။ အဆိုပါ app ကို ထည့်သွင်းပြီးပြီဆိုရင် ညပိုင်းမှာ အလိုအလျောက် အဆိုပါ Feature ကို အသုံးပြုနိုင်ဖို့အတွက် Schedule သတ်မှတ်ထားနိုင်ပါတယ်။ ဥပမာ အဆိုပါ feature ကို ညနေ ၇ နာရီကနေ မနက် ၇ နာရီအထိ အသုံးပြုရန်အတွက် Schedule မှာ သတ်မှတ်ပေး ထားနိုင်ပါတယ်။

Ref: CNET