Mac တွင် PlayStation 4 ဂိမ်းများ ကစားနိုင်မည့် Remote Play ကို ဖြန့်ချိမည်ဟု Sony အတည်ပြု

ps4sony-SH-9to5mac-2016mar3.jpg

Sony သည် Mac ကွန်ပျူတာနှင့် တစ်ကိုယ်ရေ ကွန်ပျူတာများတွင် PlayStation 4 ဂိမ်းများ ကစားနိုင်မည့် Remote Play ပါဝင်လာမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ၎င်း feature သည် အသစ်ထွက်ရှိမည့် အဓိက update v3.50 တွင် ပါဝင်လာမည် ဖြစ်သည်။

လတ်တလောတွင် 3.50 beta ဗားရှင်းကို ဖြန့်ချိလိုက်ပြီဖြစ်သည်။ PlayStation 4 ၏အဓိက update ဗားရှင်း 3.50 (လျို့ဝှက်အမည် MUSASHI) ကိုအသုံးပြုလိုသူများ အနေဖြင့် စာရင်းပေးသွင်း ရမည် ဖစ်ကာ ကုမ္ပဏီက ရွေးချယ်ထား သူများသာ beta ပရိုဂရမ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။ PS4 Remote Play ကို Windows ကွန်ပျူတာနှင့် Mac တွင် အသုံးပြုနိုင်မည်ဖြစ်ကာ beta ဗားရှင်းတွင် ၎င်း feature ပါဝင်လာဦးမည် မဟုတ်ပေ။

Ref: 9to5Mac