Meizu Pro 6 တွင် 3D Touch ပါဝင်သည့် screenshot ဓာတ်ပုံ ထွက်ပေါ်လာ

meizupro6-SH-gsmarena-2016mar3(1).jpg

Meizu ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌနှင့် Flyme OS အကြီးအကဲ ရန်ရန်းသည် ၎င်းတို့၏ Pro 6 တွင်ဖုန်းတွင် 3D Touch/ Force touch ပါဝင်လာခြင်းကို Weibo တွင် screenshot ရိုက်ကူး၍ ဝေမျှထားသည်။

3D touch သည် iPhone 6s/6s Plus တွင်ပါဝင်လာသလို Gionee S8 တွင်လည်း ပါဝင်လာသည်။ Huawei Mate S နှင့် ZTE Axon mini တို့တွင်လည်း အလားတူ feature ပါဝင်လာသည်။ ယခုထွက်ရှိလာသော screenshot အရ Meizu Pro 6 တွင် iPhone 6s နှင့်ဆင်တူသော 3D touch ပါဝင်လာဖွယ်ရှိသည်။ ၎င်းဖုန်း၏ display တွင် ဖိအားအသုံးပြု၍ နှိပ်လိုက်ပါက သက်ဆိုင်ရာ menu ပေါ်ထွက်လာပြီး နောက်ခံဝေဝါး သွားကြောင်းတွေ့ရသည်။ iPhone 6s သုံးစွဲသူများသည် ၎င်း feature သစ်ကိုအလွယ်တကူ လက်ခံအသုံးပြု နိုင်ခဲ့သော်လည်း Samsung, LG နှင့် Sony ကဲ့သို့ စမတ်ဖုန်း ကုမ္ပဏီများက ထည့်သွင်းရန် ဆန္ဒရှိပုံမရပေ။