Onda V719 3GS Tablet

rBVaHFXujgKAV2SdAASGZHUSnfE801.jpg

အားသာချက်

SIM ကတ် ၂ ကတ် အသုံးပြု သူများအတွက် 3G SIM Card ၂ ကတ် ထည့်သွင်းအသုံးပြုနိုင်မည့် Tablet အမျိုးအစား တစ်ခုဖြစ်သလို၊ ဈေးနှုန်းကလည်း ငွေကြေးချွေတာ လိုသူများအတွက် အသုံးပြုသင့်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

ဒီ Tablet ဟာ ငွေကြေးချွေတာထားတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်လို့ နည်းပညာပိုင်းမှာ ထူးခြားတဲ့ နည်းပညာတွေ ထည့်သွင်းထားတာမျိုးကို မတွေ့ရသလို၊ ကင်မရာ Megapixel အမြင့် ကြိုက်သူတွေ အတွက်တော့ စိတ်ကျေနပ်စေမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

Onda V719 3GS Tablet ဟာ ဈေးနှုန်းသင့်တင့်ပြီး အရွယ်အစားကလည်း ခရီးသွားရင်း အလုပ်လုပ်တတ်တဲ့ သူများအတွက် သင့်တော်တဲ့ အရွယ်အစား ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားတာကို နှစ်သက်တဲ့ သူတွေအတွက်လည်း ဂိမ်းကစားနိုင်အောင် GPU ထည့်သွင်းပေးထား ပါသေးတယ်။

အသေးစိတ်ဖော်ပြချက်

ARM Cortex-A7 Chip ကို ထည့်သွင်းထားပြီး Quad Core Processor ကို အသုံးပြုထားပါတယ်။ RAM ကို 1GB ထည့်သွင်း ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ကိုတပ်ဆင်ထားပါတယ်။  Storage များများ အသုံးပြုချင် သူများအတွက် 32 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်းထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 5.1 Version ကို အသုံးပြုထားပါတယ်။ Display Screen မှာ IPS capacitive multitouch screen ကို အသုံးပြုထားပြီး Resolution ကတော့  1024 x 600 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇ လက်မပါ။ ကင်မရာပိုင်းမှာလည်း နောက်ဘက်ကင်မရာမှာ 2 Megapixels ရှိမှာဖြစ်ပြီး ရှေ့ကင်မရာကတော့ 0.3 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon  အသုံးပြုထားပြီး ဘက်ထရီရဲ့ သိပ်သည်းဆ ပမာဏမှာ 2800mAh ရှိမှာဖြစ်ပါတယ်။ MP3, WAV, AAC, WMA, APE, FLAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ ပေးထားပြီး Video ပိုင်းမှာလည်း 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ AVI, MOV, MKV, MP4, RMVB, FLV အစရှိတဲ့ Video file format  များကို အထောက်အပံ့ ပေးထားပါတယ်။

ဒီဇိုင်း

Onda V719 3GS Tablet ဟာ Power button ကို Tablet ရဲ့ ညာဘက်အခြမ်းမှာ တပ်ဆင်ထားပြီး အဆိုပါ Power button  ရဲ့ အပေါ်ဘက်မှာ Volume အတိုးအချဲ့ ခလုတ်တွေကို တပ်ဆင်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာ ရိုးရှင်းတဲ့ပုံစံနဲ့ ပြုလုပ်ထားပြီး Tablet ရဲ့ကိုယ်ထည်ကို ပလတ်စတစ်နဲ့ ပြုလုပ်ပေးထားတာပါ။