LG K10

LG-K10(02)_TKK_Google_Review_3Mar2016.jpg

Device Support : LG
Pirce : 2XX,XXX

အားသာချက်

အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင် အသုံးပြုထားသော Knock Code စနစ်တွင် ကောင်းမွန်သည်။ ကင်မရာပိုင်းတွင် Selfie ရိုက်ချိန်၌ လက်၏လှုပ်ရှားမှုကို ပြသ၍ Sensor ဖြင့် ဓာတ်ပုံရိုက်နိုင်မည် ဖြစ်သည့်အပြင် Screen Flash  စနစ်ပါဝင်သည့်အတွက် အလင်းအားနည်းသော နေရာများတွင်လည်း Selfie ကောင်းကောင်း ရိုက်နိုင်မည် ဖြစ်သည်။

အားနည်းချက်

မှတ်ဉာဏ်ပိုင်းတွင် 8 GB သာပါဝင်သောကြောင့် မှတ်ဉာဏ်ပိုင်းတွင် နည်းနေမည်ဖြစ်ပြီး Sensor ပိုင်းတွင်လည်း Accelero-meter Sensor နှင့် Proximity Sensor နှစ်မျိုးသာ ပါဝင်လာ မည်ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်

Quad-core 1.2 GHz Cortex-A53 – K420N CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Mali-T720MP3 – K430DS GPU ကိုထည့်သွင်း ပေးထားသည်။ မှတ်ဉာဏ်မှာ 8GB နှင့် RAM 1GB ပါဝင်ပြီး ထပ်တိုးအသုံးပြု နိုင်ရန်အတွက် Micro SD Card 32GB ထိ ထပ်တိုးနိုင်မည် ဖြစ်သည်။ 8 Mega Pixel နောက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်ပြီး OS မှာ Android OS Version 5.0.2 ဖြစ်သည်။ Bluetooth v4.1, A2DP, LE, USB 2.0 နှင့် ဘက်ထရီမှာ Li-Ion 2300 mAh ဘက်ထရီတို့ ပါဝင်မည် ဖြစ်သည်။ GSM စနစ်သုံး ဖုန်းဖြစ်ပြီး 2G/ 3G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Nano Sim နှစ်ကတ်အသုံးပြု ရမည်ဖြစ်ပြီး Sim Slot နှစ်ခုနှင့် SD Card Slot တို့မှာ သီးသန့်စီ ဖြစ်သည်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက K10 သည် Knock Code စနစ်၊ ရှေ့ကင်မရာ Screen Flash စနစ်၊ Button Combination စနစ်တို့တွင် ကောင်းမွန်ပြီး အရွယ်အစားနှင့် ပုံစံဒီဇိုင်းလှပ သေသပ်သော ဖုန်းဖြစ်သည်။ နောက်ပိုင်းထွက် ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းများထဲတွင် CPU ပိုင်းနှင့် မှတ်ဉာဏ်ပိုင်းမှာ နိမ့်နေပြီး Sensor ပိုင်းနှင့် ကင်မရာအသုံးပြု စနစ်ပိုင်းများတွင်လည်း နည်းနေမည် ဖြစ်သည်။

ဒီဇီုင်း

ပုံစံဒီဇိုင်း လှပသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ကိုင်တွယ်အသုံးပြုချိန်တွင် လက်ထဲ၌ ထူးခြားသော ထိတွေ့မှုကို ခံစားရသော ပုံစံမျိုးရှိသည်။ ဖုန်း၏ ကျောဘက်ကာဗာ အခုံးပုံစံဖြစ်ခြင်းကြောင့် ဘေးဘောင် အနားလေးဖက်မှာ ပါးလွှာသော ပုံစံမျိုးရှိနေပြီး နောက်ဘက်ကာဗာမှာ ဖြုတ်နိုင်တပ်နိုင်သော ပလတ်စတစ် ကာဗာအရှင် ဖြစ်သည်။ ဖုန်းကိုယ်ထည် ဘေးဘောင်များကို သတ္တု ဘေးဘောင်ဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်၏ ဘေးဘောင်များမှာ ပါးလွှာသောကြောင့် ရှေ့မျက်နှာပြင် မှန်သားအပြည့် ပုံစံမျိုးဖြစ်သည်။ မျက်နှာပြင်မှန်မှာလည်း အနားအခုံး ပုံစံမှန်သားမျိုးဖြစ်ပြီး ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၆ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၄၈ စင်တီမီတာနှင့် ထုထည် ၀.၈၈ စင်တီမီတာဖြစ်သည်။ အရမ်းပါးလွှာသော ထုထည်မျိုး မဟုတ်သော်လည်း နောက်ကာဗာ အခုံးပုံစံကြောင့် ပါးလွှာသည်ဟု ခံစားရစေပြီး အလေးချိန် ပေါ့ပါးသော ဖုန်းဖြစ်သည်။

နည်းပညာ

ဖုန်းအောက်ခြေရှိ Back, Home, Menu အစရှိသော Android Key များအား မိမိလိုအပ်သလို ဖြည့်စွက်ခြင်း ပြန်လည်ဖယ်ထုတ် ခြင်းတို့ကို ပြုလုပ်နိုင်သည့် Button Combination စနစ်ပါဝင် လာမည်ဖြစ်ပြီး ရှေ့ကင်မရာဖြင့် ဓာတ်ပုံရိုက်ရာတွင်လည်း ကင်မရာ မြင်ကွင်းပေါ်တွင် လက်ကိုလှုပ်ရမ်းပြခြင်း၊ လက်ကိုဖြန့်ထားရာမှ ကွေးလိုက်ချိန်တွင် အလိုအလျောက် ဓာတ်ပုံရိုက်ပေးခြင်း အစရှိသော အသုံးပြု ပုံစံများကိုလည်း ထိတွေ့နိုင်မည် ဖြစ်သည်။ နောက်ပိုင်းထွက် LG စမတ်ဖုန်းများတွင် ပါဝင်သော Knock Code စနစ်ကိုလည်း ထိတွေ့နိုင်မည် ဖြစ်သည်။ Knock Code စနစ်ဖြင့် Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ကို အလွယ်တကူ ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် Knock Code ဖြင့် Screen Lock အား Password ပေးထားခြင်း တို့ကိုလည်း အသုံးပြုနိုင်သည်။

မြင်ကွင်း

၅.၃ လက်မရှိသော IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels (~277 ppi pixel density) ထိရရှိနိုင်မည် ဖြစ်သည်။