Samsung Galaxy View

USD-479.00
အားသာချက်

Samsung Galaxy View သည် မျက်နှာပြင်ကြီးမားသော tablet တစ်မျိုးဖြစ်ပြီး အသုံးဝင်သည့် built-in kickstand နှင့် လက်ကိုင်တစ်ခု ပါဝင်သောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။ ၎င်း tablet ၏အဓိက စာမျက်နှာပြင်တွင် ဗီဒီယိုအလွယ်တကူ ကြည့်ရှုနိုင်ရန် နာမည်ကျော် streaming ဝန်ဆောင်မှု အများအပြား စုစည်းပေးထားသည်။

အားနည်းချက်

Samsung Galaxy View တွင်ပါဝင်သော ပလတ်စတစ် kickstand မှာခိုင်ခံ့ခြင်းမရှိဘဲ အပေါစားဆန်သည်။ ထို့အပြင် ဂိမ်းစက်များကဲ့သို့ ထုတ်ကုန်များနှင့် ချိတ်ဆက်ရန် port များ ပါဝင်ခြင်းမရှိပေ။

အသေးစိတ်ဖော်ပြချက်

Samsung Galaxy View သည် မျက်နှာပြင် အရွယ်အစားကြီးမားပြီး တီဗီအစားထိုး အသုံးပြုလိုသူများအတွက် အသုံးတည့်သည်။ ၎င်း၏မျက်နှာပြင် အရွယ်မှာ တီဗီထက်သေးငယ်ပြီး laptop ထက်ကြီးမားပြီး အိမ်ခန်းအသေးစားလေးတွင် ဗီဒီယိုများကြည့်လို သူများအတွက် သင့်တော်သည်။ မျက်နှာပြင် ၁၈.၄ လက်မအရွယ်ရှိ Samsung Galaxy View ဖြင့် Netflix ကဲ့သို့ နာမည်ကျော် streaming ဝက်ဘ်ဆိုက်များကို ကြည့်နိုင်ရန် ထောက်ပံ့ပေးထားသည်။ ၎င်းသည် စမတ်တီဗီအသေးစား မဟုတ်သလို Ehternet သို့မဟုတ် HDMI port များလည်းမပါဝင်ဘဲ အဝေးထိန်းခလုတ် သို့မဟုတ် keyboard လည်းအသုံးမပြုနိုင်ပေ။ သို့သော်လည်း Android operating system ကိုအပြည့်အဝ အသုံးပြုနိုင်ပြီး Google Play Store ရှိ app အားလုံးကို အသုံးပြုနိုင်သည်။

Samsugn Galaxy View တွင် built-in kick-stand နှင့်အတူ လက်ကိုင်ပါဝင်ပြီး micor-SD card ပေါက်နှင့် အင်တာနက် သုံးနိုင်ရန် SIMcard slot တို့ ပါဝင်လာသည်။ ၎င်း tablet တွင် Android 5.1 Lollipop နှင့် Samsung ၏ TouchWiz ကို တွဲဖက်အသုံးပြု ထားသည်။ Samsung Galaxy View ၏အဓိက စာမျက်နှာတွင် app နှင့် widget shortcut များစွာ ပါဝင်သည်။

Samsung Galaxy View တွင်နောက်ဆုံးပေါ် Bluetooth ဗားရှင်း၊ အမြန်ဆန်ဆုံး Wi-Fi standard များ၊ SIM card slot နှင့် internal storage 32GB အပြင် storage ကိုတိုးချဲ့နိုင်မည့် microSD card ပေါက်တို့ပါဝင်သည်။

Galaxy View သည် ပုံမှန်လုပ်ငန်း ဆောင်တာများဖြစ်သော အီးမေးလ်စစ်ခြင်း၊ လူမှုရေးမီဒီယာနှင့် ဝက်ဘ်ဆိုက် အသုံးပြုခြင်းတို့ကို လျင်မြန်စွာ ပြုလုပ်နိုင်သည်။ ၎င်း၏ operating system မှာ သွက်လက်ပြီး Wi-Fi ချိတ်ဆက်မှု ကောင်းမွန်သောကြောင့် ဝက်ဘ်စာမျက်နှာများ load ပြုလုပ်ရာတွင် မြန်ဆန်သည်။

Galaxy View ဖြင့် ဂိမ်းကစားရာတွင်လည်း စိတ်ကျေနပ်မှုရှိစေရန် ဖန်တီးထားသောကြောင့် first-person သေနတ်ပစ်ဂိမ်းနှင့် အခြားဂိမ်းများကို ပါဝင်သော kickstand အကူအညီဖြင့် သက်သောင့်သက်သာ ကစားနိုင်သည်။

Samsung Galaxy View သည် တီဗီနှင့် tablet အကြားရှိ နယ်နိမိတ်ကို တိုးချဲ့ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ရုပ်ထွက် အရည်အသွေးမှာ 1,920 x 1,080 pixel ရှိသည်။ ၎င်း၏ရှေ့ကင်မရာမှာ 2.1 megapixel ရှိကာ selfie ရိုက်ကူးခြင်းနှင့် ဗီဒီယို conference ပြုလုပ်ရာတွင် သင့်တော်မှုရှိသည်။ Samsung Galaxy View တွင် ကျောဘက်ကင်မရာ ပါဝင်လာခြင်း မရှိပေ။

ဘက်ထရီ

Samsung Galaxy View တွင် airplane mode ထား၍ brightness အနေတော်ချိန်၍ 720p ဗီဒီယိုများ ကြည့်ရှုရာတွင် ပျှမ်းမျှအားဖြင့် ၉.၂ နာရီ အသုံးပြုနိုင်ကြောင်း သိရသည်။