Japan Brand NEC Desktop Series များကို အထူး လျှော့ဈေးဖြင့်ရောင်းချမည်

ဂျပန်ထိပ်တန်း Brand NEC Desktop MB Series ကို အထူးဈေးနှုန်းများဖြင့် ဒီဇင်ဘာလမှ စတင်ကာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည့် Desktop Series မှာ NEC VersaPro Type MB i3 နှင့် i5 Model များ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ရည်ညွှန်း ပြုလုပ်ထားသော NEC VersPro Type MB တွင် RAM Memory 4 GB ပါဝင်ပြီး ထပ်မံ ဖြည့်စွက်လိုသူများ အတွက် Memory Slot  ၄ ခု ပါရှိသည်။ အချက်အလက် သိမ်းဆည်းရန်  အတွက် 500 GB Hard Disk Drive  ပါရှိသည်။  CD/DVD များအသုံး ပြုနိုင်ရန်အတွက်  DVD ROM ပါဝင်သည် ။ CPU မှာ Intel Core i5-4570 chipset နှင့် 3.2 GHz ရှိသော Quad Core CPU ၊ Intel Core i3-4130 Chipset နှင့် 3.4 GHz ရှိသော Quad Core CPU ဆိုပြီး နှစ်မျိုးနှစ်စားရှိမည် ဖြစ်သည်။  Windows 8 Professional ( x64 bit ) လိုင်စင် Version OS ထည့်သွင်း အသုံးပြုထားသည်။ NEC Original USB Mouse နှင့် Keyboard  တစ်စုံပါရှိသည်။ NEC Versa Pro Type MB Desktop ကို Parts & Services Warranty ၃ နှစ်ပေးထားသည်။ Verso Pro Type MB i3 ကို ယခင်ဈေး ကျပ် ၄၀၀,၀၀၀ မှ ယခုအခါတွင် ၃၅၉,၀၀၀ ကျပ် အထိလည်းကောင်း၊ Versa Pro Type MB i5 ကို လက်ရှိဈေး ကျပ် ၆၀၀,၀၀၀ မှ ကျပ် ၅၆၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း ဒီဇင်ဘာလမှ စတင်ကာ KMD အရောင်းဆိုင်ကြီးများတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ပစ္စည်းအရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို KMD ဖုန်း ၀၁-၃၈၁၁၂၉၊ ၃၈၁၀၃၅ နှင့် ၅၀၃၅၁၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။