Windows 10 Login Screen တွင် Custom Message ထည့်သွင်းခြင်း

windows-logon-custom-msg-select-modify.jpg

Windows 10 အသုံးပြုနေ သူတွေအနေနဲ့ Windows 10 ရဲ့ Login Screen မှာ Custom Mes-sage ထည့်သွင်း အသုံးပြုလိုတယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်းပြုလုပ် နိုင်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Laptop  ဟာ ပျောက်ဆုံး သွားတာမျိုးဖြစ်ဖြစ်၊ မေ့ကျန်ခဲ့တာမျိုး ဖြစ်ဖြစ် Windows 10 ရဲ့ Login Screen မှာ ကိုယ့်ကိုပြန်လည် ဆက်သွယ်ပြီး ပစ္စည်းပေးပို့နိုင်အောင် ဆက်သွယ်နိုင်မယ့် လိပ်စာမျိုးကို Custom Message အနေနဲ့ အသုံးပြုပြီး ထည့်သွင်းပေးထား နိုင်မှာဖြစ်ပါတယ်။

Login Screen မှာ Custom Message ကို ထည့်သွင်းဖို့အတွက် Regestry ကနေ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ Registry ကိုအသုံးပြုဖို့အတွက် ပထမဆုံး Run box ကို Win + R key ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ Run box ကိုရောက်ပြီဆိုရင် regedit ဆိုတဲ့ command ကို Run box မှာ ရိုက်ထည့်ပေးလိုက်ပါ။ Registry Editor ပွင့်လာပါလိမ့်မယ်။

Regestry Editor ပွင့်လာရင် HKEY_LOCAL_MACHINE ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Software > Microsoft > Windows > Current Version > Policies > System ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်ပေးသွားရမှာ ဖြစ်ပါတယ်။

System ဆိုတဲ့ နေရာကိုရောက်ရင် ညာဘက်အခြမ်းမှာရှိတဲ့ Legal noticecaption ဆိုတာကို Select ပြုလုပ်လိုက်ပါ။ Select ပြုလုပ်ပြီး ပြီဆိုရင် Right-click နှိပ်ပြီး Modify ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Modify ကိုရွေးချယ်ပေးပြီးရင် Edit String ဆိုတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Value data ဆိုတဲ့နေရာမှာ Message Title ကိုရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။

Custom Message ကိုရိုက်ထည့်ဖို့ဆိုရင်တော့ legalnoticetext ဆိုတဲ့နေရာကို Select မှတ်ပါ။ Right-click ပြုလုပ်ပြီး Modify ကိုရွေးပါ။ Edit String box ရဲ့ Value data နေရာမှာ Custom message ကိုရိုက်ထည့်ပြီး Registry editor ကနေထွက်လိုက်ပါ။ အဆိုပါ အဆင့်တွေ အားလုံးပြီးသွားပြီဆိုရင် Windows ကို Lock ပြုလုပ်လိုက်ပါ။ Lock Screen နေရာမှာ အဆိုပါ Custom message ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။